ပျော်ဘွယ်မြို့နယ်၌ အသက်(၉)နှစ်မှ(၁၁)နှစ်အတွင်း (၁၂)နှစ်မပြည့်သေးသူ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာကာကွယ် ဆေး(HPV)ထိုးနှံပေး

ပျော်ဘွယ် ဒီဇင်ဘာ ၁၈

ပျော်ဘွယ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ အသက်(၉)နှစ်မှ(၁၁)နှစ်အတွင်း၊အသက်(၁၂)နှစ် မပြည့်သေးသူ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV)ထိုးနှံခြင်းလုပ်ငန်းကို ဒီဇင်ဘာလ ၁၇ ရက်မှစတင်ကာ မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနရုံးတွင် စတင်ထိုးနှံပေးလျက်ရှိသည်။

ရှေးဦးစွာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဒေါက်တာလဲ့လဲ့အောင်က အမျိုးသမီး ငယ်များအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး အမျိုးသမီးငယ်များအား ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများကဦးဆောင်၍ နှီးနွယ်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များက ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ကြသည်။

ပျော်ဘွယ်မြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာများ၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) ထိုးနှံပေးရမည့် ကျောင်းပြင်ပအမျိုးသမီးငယ်(၆၀၀)ဦးရှိပြီး (၂၃၃)ဦးအား ထိုးနှံပေးနိုင်ခဲ့ကြောင်း၊ ကျန်ရှိအမျိုးသမီးငယ်များကိုလည်း သက်ဆိုင်ရာကျန်းမာရေးဌာနခွဲများ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)