ထားဝယ် ဒီဇင်ဘာ ၁၈
တနင်္သာရီတိုင်းဒေသကြီးအတွင်း ပန်းတိုင်အထွက်နှုန်းသတ်မှတ်ထားသည့် သီးနှံ (၁၀)မျိုးနှင့်စပ်လျဉ်း၍ တောင်သူများအား စစ်တမ်းကောက်ယူခြင်းလုပ်ငန်းကို တိုင်းဒေသကြီး/ခရိုင်/ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်လျက်ရှိသည်။
ထို့နောက်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များ၌ ပန်းတိုင်အထွက်နှုန်းသတ်မှတ်ထားသည့် သီးနှံ(၁၀)မျိုး ပန်းတိုင်ရည်မှန်းချက်/အထွက်နှုန်း မကောင်းရခြင်းအကြောင်းအရာများ စိစစ်မေးမြန်း မှုအပေါ် ဖြေကြားပေးနေသော မြို့နယ်အသီးသီးမှတောင်သူများ၊ စာရင်းကောက်ဝန်ထမ်းများအား တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသန်းထိုက်ကတွေ့ဆုံပြီး တိုင်းဒေသကြီး အတွင်း ပန်းတိုင်အထွက်နှုန်းသတ်မှတ်ထားသည့် သီးနှံ (၁၀)မျိုးနှင့် စပ်လျဉ်း ၍ စစ်တမ်းကောက်ယူခြင်းလုပ်ငန်း အပေါ်အဆင့်ဆင့်ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ စာရင်းများ သေချာတိကျ မှန်ကန်ရေးနှင့်သတ်မှတ်အချိန်အတွင်းပြီးစီးရေးဆောင်ရွက်ပေးရန်လိုအပ်ကြောင်းမှာကြားပြီး တောင်သူများ၏ လိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း ပန်းတိုင်အထွက်နှုန်းသတ်မှတ်ထားသည့် သီးနှံ(၁၀)မျိုး ပန်းတိုင် ရည်မှန်းချက်/အထွက်နှုန်း မကောင်းရခြင်းအကြောင်းအရင်းများအား စစ်တမ်းကောက်ယူခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအတွင်းရှိဒုတိယလက်ထောက်ဦးစီးမှူး တစ်ဦးလျှင် တောင်သူ(၁၀၀) ဦးနှုန်းဖြင့် စုစုပေါင်းတောင်သူ (၂၃၀၀) ဦးအား စစ်တမ်းကောက်ယူ ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူးများမှ အဆင့်ဆင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)