ကျွန်းစုမြို့နယ်၌ မီးဘေးလုံခြုံရေး အသိပညာပေး စာစောင်များ ဝေငှ၍ (191) စတေကာများ ကပ်‌နှိပ်ပေး

ကျွန်းစု ဒီဇင်ဘာ ၁

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မီးဘေးလုံခြုံရေးအသိပညာပေး လက်ကမ်းစာစောင်များအား ဒေသခံများနှင့် ခရီးသွားပြည်သူများအား ဝေငှ၍ (191) စတေကာများ ကပ်နှိပ်ခြင်းကို ဒီဇင်ဘာလ ၁၇ ရက်နေ့က ကျွန်းစုမြို့၊ စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေး အရှေ့၌ ဆောင်ရွက်ခဲ့သည်။

ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးတင်ထွန်းနိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအား မီးဘေးလုံခြုံရေးအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်ရမည့် အချက်များ၊ မီးသုံးစွဲရာတွင် လိုက်နာရမည့် စည်းကမ်းများ၊ အပြင်မသွားမီ မီးသတိပြုရမည့်အချက်များ၊ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ပုံ/နည်းများ ပါဝင်သည့် အသိပညာပေး လက်ကမ်းစာစောင်များကို ဝေငှခဲ့ပြီး မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက မီးသတ်ရုံးသို့ အချိန်မီ အကူအညီ တောင်းခံနိုင်ရန်အတွက် အရေးပေါ်ဖုန်းနံပါတ် (191) ပါဝင်သည့် စတေကာများကို‌ မော်တော်ယာဉ်များ၌  ကပ်နှိပ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)