(၁ဝ၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ မလှိုင်မြို့၌ကျင်းပ

မလှိုင် အောက်တိုဘာ ၃၁

(၁ဝ၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါနေ့က (၁ဝ၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာအုပ်ပြပွဲတွင် သုတ၊ ရသ စာအုပ်များ၊ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်မှု မှတ်တမ်းစာအုပ်များ၊ မဂ္ဂဇင်းစာအုပ်မျိုးစုံနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ပါ နံရံကပ်စာစောင်နှင့် မြို့နယ်အတွင်းလှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံများပါရှိသည့် နံရံကပ်စာစောင်များကို ပြသထားရာ ကျောင်း/သူများနှင့် ပညာရေးဌာနမှ ဆရာ/မ များ၊ စိတ်ပါဝင်စားသူများက လာရောက်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

အောင်ဌေး