​ရွှေဘိုမြို့၌ (၃၄) နှစ်​မြောက် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန နှစ်ပတ်လည်​နေ့ကို ကြိုဆို ဂုဏ်ပြု​သောအားဖြင့် စု​ပေါင်း​သွေးလှူဒါန်း

​ရွှေဘို အောက်တိုဘာ ၃၁

၂၀၂၂ခုနှစ် နိုဝင်ဘာ၇ရက်​နေ့တွင် ကျ​ရောက်မည့် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန နှစ်ပတ်လည်​နေ့ကို ကြိုဆိုဂုဏ်ပြု​သောအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး​ ရွှေဘိုခရိုင်နှင့်​ရွှေဘိုမြို့နယ် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန ဝန်ထမ်းများ စု​ပေါင်း​သွေးလှူဒါန်းပွဲကို ယနေ့မွန်းလွဲ ၂နာရီချိန်က​ ရွှေဘိုခရိုင် ပြည်သူ့​ဆေးရုံတွင် ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

ရှေးဦးစွာ​ သွေးလှူဒါန်းကြမည့် ဝန်ထမ်းများအား ခရိုင်ပြည်သူ့​ဆေးရုံအုပ်ကြီး​ ဒေါက်တာ​စောသက်လျာ​အောင်နှင့် ​ရောဂါ​ဗေဒဆရာဝန်ကြီး ဒေါက်တာကြွယ်ပြည့်​ဝေနှင့် ကျန်းမာ​ရေးဝန်ထမ်းများက ကိုယ်အ​လေးချိန်တိုင်းတာခြင်း၊ ​သွေးပေါင်ချိန်တိုင်းတာခြင်း၊​သွေးအမျိုးအစား ခွဲခြားခြင်းနှင့်​ သွေးလှူဒါန်းရန်လိုအပ်သည့် ကျန်းမာ​ရေးစစ်​ဆေးခြင်းများ ပြုလုပ်​ပေးခဲ့​ကြောင်း သိရပြီး ​သွေးလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ​ပေးအပ်ခဲ့​ကြောင်း သိရသည်။

အဆိုပါ ​စု​ပေါင်းသွေးလှူဒါန်း​နေမှုကို ခရိုင်စီမံခန့်ခွဲမှု​ကော်မတီဥက္ကဋ္ဌ ဦးမျိုးဦး၊ မြို့နယ်စီမံခန့်ခွဲမှု​ကော်မတီဥက္ကဋ္ဌ ဦး​ဇော်မျိူးဝင်းတို့က ကြည့်ရှု့အား​ပေးခဲ့ပြီး​သွေးလှူဒါန်းကြသည့် ဝန်ထမ်းများကို၊ ခရိုင်/မြို့နယ် အမျိုးသမီးစည်းကမ်းထိန်းသိမ်း​ရေး​ကော်မတီဥက္ကဋ္ဌတို့မှ ကြက်ဥ၊ အချိုရည်နှင့် အဟာရဖြည့် စား​သောက်ဖွယ်ရာများကို​​​ ထောက်ပံ့ပေးအပ်ခဲ့​ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်