သုံးခွမြို့နယ်၌ မွေးကင်းစမှ(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ယနေ့နံနက် ၉ နာရီအချိန်က မွေးကင်းစမှ(၂) နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မွေးကင်းစမှ တစ်နှစ်ခွဲအရွယ် ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံ၊ တိုက်‌ကျွေး

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မွေးကင်းစမှ အသက် ၁ နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒေသန္တရဆေးပေးခန်းတွင် ကိုဗစ် -၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမောင်ကို မိတ္ထီလာခရိုင်အတွင်းရှိ  တောင်သူဦးကြီးများအား  တွေ့ဆုံခြင်းနှင့် ကျောင်းသားကျောင်းသူများအား စက်ဘီးများ ထောက်ပံ့ပေးအပ်

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမောင်ကို မိတ္ထီလာခရိုင်အတွင်းရှိ  တောင်သူဦးကြီးများအား တွေ့ဆုံခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား စက်ဘီးများ ထောက်ပံ့ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်က ပညာရေးဒီဂရိကောလိပ်ရှိ ပညာပါရမီခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတောင်သူများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ် စျေးဟောင်းကွက်သစ်ရပ်တွင် အခြေခံစားသောက်ကုန် (၉) မျိုးအား စျေးနှုန်းသက်သာစွာဖြင့်ရောင်းချ

ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေး၊ ဒေသခံပြည်သူများ စားသောက်ကုန်၀ယ်ယူရာတွင် စျေးနှုန်းသက်သာစေရန်ရည်ရွယ်၍ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်နယ်မှူးရုံး (ကျောက်ဆည်) နှင့်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်း၍ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊   စဉ့်ကိုင်မြို့နယ် ပလိပ်ကျေးရွာအုပ်စုအတွင်းရှိ စျေးဟောင်းကွက်သစ်ရပ်၊ ဘောလုံးကွင်းအတွင်း၌ ယနေ့နံနက်ပိုင်းက အခြေခံစားသောက် ကုန် (၉) မျိုးအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်တွင် ထပ်ဆောင်းကာကွယ်ဆေးများထိုးနှံရေး အသိပညာပေးနှိုးဆော်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ညောင်ဝန်းကုန်းကျေးရွာအတွင်းရှိ လက်ဆုံနေရာများ၌ ယနေ့နံနက်(၉)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံနိုင်ရေးတို့ကို လိုက်လံအသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ပေါင်းတည်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ လူကုန်ကူးမှုနှင့်မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး အသိပညာပေးဟောပြော

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

နမ္မတူမြို့နယ် အမှတ်(၉)အခြေခံပညာမူလတန်းကျောင်း၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍  သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉)နာရီခွဲအချိန်က အမှတ် (၉) အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းတုံမြို့နယ်ရှိ ဒေသဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ မဲကင်ကျေးရွာနေပြည်သူများနှင့် အစည်းအဝေး ပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်ရှိ ဒေသဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ မဲကင်ကျေးရွာနေပြည်သူများနှင့် ယမန်နေ့ နံနက်ပိုင်းက နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေမှ အရင်းမပျောက်မတည်ထောက်ပံ့ငွေအတွက် ညှိနှိုင်းအ စည်းအဝေးကို မဲကင်ကျေးရွာရှိ ဘဏ်စုံသုံးခန်းမတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြိုသစ်မြို့နယ်တွင် အခြေခံစားကုန်(ဆန်)များအား သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေး

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေပြည်သူများအတွက် မကွေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့မှ မြို့သစ်မြို့၊ ရွှေလရောင်ကွက်သစ်ရပ်ကွက်၊ မြို့မစျေးအနီး၊ မီးသတ်ဦးစီးဌာနရုံးရှေ့တွင် ယနေ့နံနက် ၇ နာရီက အခြေခံစားကုန် (ဆန်)များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။

ရေတာရှည်မြို့နယ်၌ အ​ထွေ​ထွေရွေး​ကောက်ပွဲကျင်းပနိုင်ရေးအတွက် လျာထားမဲရုံအ​ရေအတွက်နှင့် မဲရုံတည်​နေရာအချက်အလက်များ ညှိနှိုင်းအစည်းအ​ဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် အ​ထွေ​ထွေ​ရွေး​ကောက်ပွဲကျင်းပနိုင်​ရေးအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်​ကျေးရွာအုပ်စုများ၌ ဖွင့်လှစ်ထားရှိမည့် လျာထားမဲရုံအ​ရေအတွက်နှင့် မဲရုံတည်​နေရာ အချက်အလက်များ ညှိနှိုင်းအစည်းအ​ဝေးပွဲကို မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမ၌ ယမန်နေ့ နံနက်(၁၀)နာရီ အချိန်ကကျင်းပပြုလုပ်ခဲ့သည်။
Subscribe to