ရွှေပြည်သာ အောက်တိုဘာ ၃၁
မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ အစီစဉ်ဖြင့် MEico စားသုံးဆီ ကုမ္ပဏီလီမီတက်မှ ရွှေပြည်သာမြို့နယ် ရှိပြည်သူများစားသုံးဆီများ ဈေးနှုန်းချိုသာစွာ ဝယ်ယူစာသုံးနိုင်ရန် စားသုံးဆီလက်လီဈေးကားဖြင့် ယနေ့ နံနက် (၉) နာရီအချိန်တွင် ရွှေပြည်သာမြို့နယ် အမှတ်(၁၁)ရပ်ကွက် ရန်ကြီးအောင်လမ်းတွင် ရောက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
စားသုံးဆီဈေးကားဖြင့် ရောင်းချပေးရာတွင် စာသုံးဆီတစ်ပိသာလျှင် (၄၄၅၀) ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိပြီး ဝယ်ယူသူပြည်သူများ များသည့်အတွက် တစ်ဦးလျှင် (၅၀) သားနှုန်းဖြင့် ရောင်းချပေးနေရကြောင်း သိရသည်။
စားသုံးဆီရောင်းချရာတွင် အဆင်ပြေချောမွေ့စေရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စည်ပင်သာယာရေး ဝန်ထမ်းများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
နေမျိုးထွန်း( ရွှေပြည်သာ)