ခရမ်းမြို့နယ် ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေး ညှိနှိုင်းဆွေးနွေး

ခရမ်း အောက်တိုဘာ ၃၁

ခရမ်းမြို့နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ခရမ်းမြို့နယ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ခရမ်းမြို့နယ် ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးအောင်ရဲက မြို့နယ်အတွင်း ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေး ယာဉ်တိုက်မှု၊ ထိခိုက်ဒဏ်ရာရရှိမူများ ဖြစ်ပေါ်လျက်ရှိကြောင်း  စည်းကမ်းပျက်ယာဉ်များ ထိရောက်စွာအရေးယူ ဆောင်ရွက်ရေး၊ အသိပညာပေးလုပ်ငန်းများ လိုင်စင်မဲ့ယာဉ်များ အရေးယူဆောင်ရွက်ရေး၊ သတ်မှတ်မိုင်နှုန်းအတိုင်း မောင်းနှင်စေရေး၊ အခြေခံပညာကျောင်း များတွင် အသိပညာပေးဆွေးနွေးပွဲများ၊ လူစည်ကားရာနေရာများတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအား အသိပညာပေးခြင်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်  ရန်လိုအပ်ကြောင်း အကျယ်တဝင့်ဆွေးနွေးမှာကြားသည်၊ ဆက်လက်၍  အမှတ် (၅၅)  ယာဉ်ထိန်းရဲ တပ်ဖွဲ့စု ဒုရဲအုပ် မျိုးရန်နောင်စန်းတို့က မြို့နယ်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အရှိန်မြှင့်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များအား ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ယာဉ်အန္တရာယ်လမ်း အန္တရာယ်ကင်းရှင်းရေး စစ်ဆေးကြပ်မတ် ဆောင်ရွက်မည့်လုပ်ငန်းများ၊ အသိပညာပေးခြင်း၊ ထိရောက်စွာအရေးယူ ဆောင်ရွက်မည့် အစီအစဉ်များ ချမှတ်ကြပြီး မြို့နယ်ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက လုပ်ငန်း လိုအပ်ချက် များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုမင်း ( ခရမ်း )