တံတားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စကားပုံဆက်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

တံတား အောက်တိုဘာ ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲ (၁) နာရီ အချိန်က စကားပုံဆက်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးဖြူလွင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ မြန်မာစကားပုံများနှင့် ၎င်းတို့၏အ​ဓိပ္ပါယ်ကို သိရှိနားလည်စေရန်၊ စာပေကိုချစ်မြတ်နိုးတတ်စေရန်၊ စာဖတ်ခြင်းကို လက်တွေ့အသုံးချခြင်းဖြင့်၊ အတွေ့အကြုံနှင့် လေ့ကျင်မှုများရရှိစေရန်၊ စာဖတ်စွမ်းရည်များ တိုးတက်မြင့်မားလာစေရန်၊ မိမိကိုယ်ကို ရှုမြင်သုံးသပ်မှ ဉာဏ်ရည်အားကောင်းလာစေရန်၊ ရည်ရွယ်၍ ပြိုင်ပွဲကိုပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ပြိုင်ပွဲများကို အထက်တန်းအဆင့် နဝမတန်း ကျောင်းသား၊ ကျောင်းသူ (၈) ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ (တံတား)