ရွှေတောင်မြို့နယ်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ပြန်လည်နေရာချထားမည့် အိမ်ထောင်စုများအား မြေယာလျော်ကြေးနှင့် စားနပ်ရိက္ခာ ထောက်ပံ့ပေးအပ်ပွဲကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မြို့နယ်ခန်းမတွင် ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ပြန်လည်နေရာချထားမည့် ညောင်စာရေးကျေးရွာအုပ်စု၊ လှေကြီးစုကျေးရွာ အိမ်ထောင်စုများအတွက် မြေယာလျော်ကြေးနှင့် စားနပ်ရိက္ခာထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။