မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့နယ်တွင် အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းဝေး ကျင်းပ

ပုသိမ်ကြီး နို၀င်ဘာ ၁

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များသည် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ မြို့နယ်လူဝန်မှူကြီးကြပ်ရေနှင့် ပြည်သူ့အင်အားဦးစီးဌာနဝန်ထမ်းများ၊  မြို့နယ်ကော်မရှင်ဝန် ထမ်းများ၊ မြို့နယ်လျှပ်စစ်ဝန်ထမ်းများနှင့် ညှိနှိုင်းပေါင်းစပ်ကာ အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်း ညှိနှိုင်းအစည်းဝေးကို ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်ဆွေမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င်(၁) ဗိုလ်မှူး ကြီး မင်းဟိန်းမှ ခရိုင်အတွင်း ဖြစ်ပွားနေသည့် လုံခြုံရေးဖြစ်စဉ်များ၊ လုံခြုံရေးနှင့် ပတ်သက်၍ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၀င် (၂)ဦးတင်မောင်၀င်းမှ ဆွေးနွေးပြောကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ ခရိုင်လ၀ကမှူး ဦးတင်မောင်၀င်းမှ မြေပြင်လူဦးရေ စာရင်းကောက်ယူရရှိမှုနှင့် ပတ်သက်၍ မြေပြင်အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကျော်မိုးက လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို  ဆက်လက်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးမှ မြို့နယ်အတွင်း မြေပြင်လူဦးရေ စာရင်းကောက်ယူမှု အခြေအနေများ၊ မြို့နယ်အတွင်း လုံခြုံရေးလုပ်ငန်းများ၊ အုပ်ချုပ်ရေးလုပ်ငန်းများ စီမံဆောင်ရွက်ထားရှိမှု၊ ဌာဆိုင်ရာများအတွင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးထားမှု အခြေအနေများ၊ လုံခြုံရေးအတွက် အဓိကထား စီမံဆောင်ရွက်ထားရှိ မှုများကို ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ရပ်ကျေးအဖွဲ့ဥက္ကဋ္ဌများမှ မိမိတို့ရပ်ကွက် ကျေးရွာအတွင်း လုံခြုံရေးဆိုင်ရာ နယ်မြေဒေသအခြေအနေများ၊ အခက်အခဲများကို ဆွေးနွေးတင်ပြခဲ့ကြသည်။ ထို့နောက် မြို့နယ်ကော်မရှင်ရုံးဦးစီးအရာရှိမှ မဲစာရင်းကောက်ယူမှု လုပ်ငန်းအခြေအနေများ၊ မြို့နယ် လ၀က ဦးစီးအရာရှိမှ မြေပြင်စာရင်း ကောက်ယူမှု အခြေအနေများ၊ မြို့နယ်လျှပ်စစ် မန်နေဂျာမှ လျှပ်စစ်မီတာကြွေးကျန်ဖြစ်ပေါ်နေမှုနှင့် မြေပြင်အခြေအနေများ၊ အစရှိသည့် တင်ပြချက်များအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င် များက ပြန်လည်ဆွေးနွေးညှိနှိုင်းခြင်းများ ဆောင်ရွက်ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ နိဂုံးချုပ်စကား ပြောကြားခဲ့ပါသည်။

အဆိုပါ အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ၊ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)