စလင်းမြို့နယ်တွင် (ထက်၊ လယ်၊ မူ)ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ ပြုလုပ်

စလင်း  နိုဝင်ဘာ  ၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ မြင်တင်ရပ်ကွက် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းဝန်းအတွင်းရှိ မိုးလုံ၊ လေလုံအားကစားခန်းမဆောင်တွင် စလင်းမြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့  နံနက်၉နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။      

စလင်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်းရှိ မိုးလုံ၊ လေလုံခန်းမဆောင်တွင် စလင်းမြို့နယ်အတွင်းရှိ (ထက်၊ လယ်၊ မူ) ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူဦးသိန်းဌေးက အဖွင့်အမှာစကားများ ပြောကြားခဲ့ရာတွင် ပညာရေးဖြင့် ခေတ်မီဖွံဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံဆိုသည့် ဝန်ကြီးချုပဦးတင့်လွင်၏ မှာကြားသွားသည့်စကားများအတိုင်း နိုင်ငံတော်ဘက်စုံဖွံဖြိုးတိုးတက်ရေးတွင် ပညာရေး၏ အခန်းကဏ္ဍသည် များစွာအရေးပါသဖြင့် ပညာရေးကဏ္ဍဖွံဖြိုးတိုးတက်စေရန်နှင့် ပညာရေးဝန်ထမ်းများ၏ အရည်အသွေးများတိုးတက်မြင့်မားလာစေရန်အတွက် စလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်းနှင့် ဆွေးနွေးပွဲတွင် ပညာရေးဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ ကျောင်းများအားလုံး (၃၀၇)ကျောင်းမှ ဆရာ၊ဆရာမ (၃၀၇)ဦးတို့အား ၂၀၂၂ခုနှစ် ယ‌နေ့နံနက် ၉ နာရီမှ နေ့လည်၄နာရီအထိနှင့် နိုဝင်ဘာ၂ရက်နေ့အထိ ၂ရက်ကြာ သင်တန်းပို့ချမည် ဖြစ်သည်၊ စလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၏ သင်ကြားသင်ယူမှုအရည်အသွေးများ တိုးတက်မြင့်မားလာစေရန်နှင့် ကျောင်းအုပ်ကြီးများ၏စွမ်းဆောင်ရည်များ ပိုမိုမြင့်မားလာစေရေး၊ ခေါင်းဆောင်မှုအရည်အသွေးစွမ်းဆောင်ရည်များ ပိုမိုကောင်းမွန်လာစေပြီး ယုံကြည်ချက်၊ ခံယူချက်မှန်ကန်စွာဖြင့် ပညာရေးဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာများနှင့် ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းများသာမက တာဝန် စည်းကမ်းများ စနစ်တကျစီမံခန့်ခွဲတတ်စေရန်အတွက် ရည်ရွယ်၍ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း စလင်းမြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

မောင်လွင်(ပြန်/ဆက်)