(၆၂)ကြိမ်မြောက် မြို့လုံးကျွတ် စုပေါင်းမဟာဘုံကထိန်တော် အောင်ပွဲအခမ်းအနားကျင်းပ

ရေဦး နိုဝင်ဘာ ၁

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင် ရေဦးမြို့ ကထိန်တော်ဖြစ် မြောက်ရေးကော်မတီနှင့် မြို့နယ်ဌာနဆိုင်ရာများ စုပေါင်း၍ (၆၂)ကြိမ်မြောက် မြို့လုံးကျွတ်မဟာဘုံကထိန်တော် အောင်ပွဲအခမ်းအနားကို အောက်တိုဘာ ၃၁ ရက်မွန်းတည့် ၁၂ နာရီက  ရေဦးမြို့ ပါဠိဝိဇ္ဇာသာသနာ့ရိပ်သာကျောင်းတိုက် မဟာသတိပဌာန်သာသနာ့ ဗိမာန်တော်ကြီးတွင် ကျင်းပခဲ့ရာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် ဦးကုမာရ အမှူးပြုသော ဆရာတော် သံဃာ‌တော်များ ကြွ‌ရောက်ချီးမြှင့်တော် မူခဲ့ကြသည်။

ရှေးဦးစွာ ဆရာတော်သံဃာတော်များ အမှူးပြု‌လျက် ဧည့်ပရိတ်သတ်အပေါင်းတို့မှ ကထိန်တော် အောင်ပွဲအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပေးခဲ့ကြပြီး ဆရာတော် သံဃာတော်အရှင်သူမြတ်များထံမှ မေတ္တာသုတ်ပရိတ်တော် ရွတ်ဖတ်သရစ္ဇျာယ်ပေးမှုကို နာယူကြည်ညိုခဲ့ကြသည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်းနှင့် မြို့နယ်ဌာနဆိုင်ရာများ၊ ကထိန်‌တော်ဖြစ်မြောက်ရေး ကော်မတီ၀င်များမှ ဆရာတော်သံဃာတော်များအား ကထိန်လျာဉတ်သင်္ကန်းနှင့်အတူ နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

မြို့လုံးကျွတ်မဟာဘုံကထိန်ပွဲတွင် ဉတ်မကြီးမဲကျရာ ပါဠိဝိဇ္ဇာကျောင်းတိုက်ဆရာတော်ထံ နဝကမ္မဝတ္ထု ငွေကျပ် (၇၉ ဒသမ ၂၆)သိန်း၊ ပစ္စည်းတန်ဖိုး (၄၁ ဒသမ ၂၉ ) သိန်းကို လည်းကောင်း၊ ကျောင်းတိုက် (၁၇)တိုက် အတွက် (၁)တိုက်လျှင် ကထိန်သင်္ကန်း၊ နဝကမ္မဝတ္ထုငွေနှင့် ပစ္စည်းတန်ဖိုးငွေ ၂၃၄,၂၀၀ ကျပ် ကိုလည်းကောင်း အသီးသီး ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် ကထိန်အောင်ပွဲသို့ကြွရောက်လာကြသော ဧည့်ပရိတ်သတ် အပေါင်းတို့က ဆရာတော်ဦးကုမာရထံမှ ကထိန်အနုမောတနာ တရားနာယူခဲ့ကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

မြို့နယ် ပြန်/ဆက်