မန္တလေးမြို့တွင် အခြားသစ်သီးဝလံများ ဝင်ရောက်မှုများခြင်း‌ကြောင့် ပြောင်းဖူးဈေးများ အရောင်းအဝယ် အေးနေ

မဟာအောင်မြေ နိုဝင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် ဆောင်းဝင်ကာလဖြစ်၍ ကဗ္ဗလာသီး၊ ထန်းပင်မြစ်၊ နဂါးမောက်သီးများ ဝင်ရောက်မှု များပြားနေခြင်းကြောင့် ပြောင်းဖူးဈေးရောင်းအားနည်းကြောင်း ကုန်စိမ်းသစ်သီးစုံရောင်းချသူ ဈေးသည်တစ်ဦးထံမှ သိရသည်။

"ကျွန်တော်တို့ဟာ ကုန်စိမ်းသစ်သီးစုံတင်ရောင်းချပါတယ်။ ရာသီစားသောက်ကုန် ကုန်စိမ်းတွေ ရောင်းချတာဆိုတော့ ရက်ရှည်ထားလို့မရတဲ့ အမျိုးအစားတွေလည်း ပါတယ်။ အခုဆို အနယ်နယ်အရပ်ရပ်က တင်ပို့လာတဲ့ ရာသီစားသောက်ကုန်ဖြစ်တဲ့ ထန်ပင်မြစ်လို စားသောက် ကုန်‌ တွေဝင်ရောက်တော့  လူတွေက တစ်နှစ်တစ်ကြိမ်ပေါ်တဲ့ အစားအသောက်လည်းဖြစ်တော့ ပေါ်လစီအစာတွေကို ဝယ်တာများတယ်ဗျ၊ အရင်လတွေက အခြားသစ်သီးတွေဖြစ်တဲ့‌ ရှောက်သီး၊ လိ‌မ္မော်သီး၊ ပန်းသီးစတဲ့ အသီးပေါင်းစုံ‌တွေက ရောင်းအားကောင်းတယ်။ ဒီပြောင်းဖူးတွေက လမ်းပန်းဆက်သွယ်ရေးကလည်း ကောင်းမွန်နေတော့ အနယ်နယ်အရပ်ရပ် ကနေ ပွဲရုံအရောက် တင်ပို့ရောင်းချတာလေ၊ ရောင်းမကောင်းဘူးတော့ မဟုတ်ပါဘူး၊ အရောင်းအေးတာပေါ့၊ ရက်ကြာသွားရင် ငြိုးသွားတော့ ဈေးတွေလျှော့ရောင်းတာတွေလည်း ရှိတယ်။ အခုဆို အကြီးကတစ်ဖူးကို(၄၀၀) ၊အသေးက (၃၀၀)ရောင်းပါတယ်၊ အစေ့ထွင်ပြီး တစ်ဗူးကို (၅၀၀)နဲ့‌ ရောင်းတယ်၊အစေ့တွေကတော့ ခို၊ကြက်၊ဘဲ စတဲ့ သတ္တဝါတွေအတွက် အစေ့ထွင်ရောင်းတာပေါ့၊ အရင်ကတစ်ဖူးကို(၅၀၀)ရောင်းရတယ်။ များများဝယ်ရင်တော့ဈေး လျှော့ပေးပါတယ်။ ဈေးဝယ်သူအနေနဲ့လည်း ဝယ်နိုင်တဲ့ ဈေးလည်းဖြစ်တယ်လေ၊ တစ်နေ့ကို (၃၀၀၀)ဖူးလောက် ရောင်းရပါတယ်၊ အမြတ်ကတော့ တစ်နေ့ကို (၆၀၀၀)လောက် မြတ်ပါတယ်။ အရင်သစ်သီးတွေရောင်းတုန်းက အမြတ်တော့ များပါတယ်"ဟု ဈေးရောင်းသူ ကိုမောင်လေးက ပြောပြ၍ သိရသည်။

ကျေးလက်နေ တောင်သူတွေကလည်း ရေသွန်းစိုက်ပျိုးတာတွေများတာ‌ရော၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်တာ‌ရော၊ ရာသီ‌ပေါ်သစ်သီးများ ဈေးနှုန်းချိုသာစွာဖြင့် ဝင်ရောက်နေမှုကြောင့် ဝယ်ယူစားသောက်ကြသူအနေနဲ့လည်း အဆင်ပြေကြပါတယ်။ ဆယ့်နှစ်ရာသီထွက်တဲ့ သစ်သီးဝလံများကိုလည်း ကျွန်တော်တို့အနေဖြင့် အများပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်‌စေရန် ဆက်လက်ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

အောင်ဇော်မင်း