သံတောင်ကြီးမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများ၏ (၁၈)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

သံတောင်ကြီး နိုဝင်ဘာ ၁     

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့တွင် ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၏ (၁၈)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က သာသနာ့မဉ္စူသာသနာပြုကျောင်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခြင်း၊ ဧည့်ပရိတ်သတ်များမှ ငါးပါးသီလခံယူဆောက်တည်ခြင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး သာသနာ့မဉ္စူသာသနာပြုကျောင်းမှ မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဦးဒေဝိန္ဒာဓိထံမှ တရားနာယူခဲ့သည်။

ထို့နောက် သသနာ့မဉ္စူသာသနာပြုကျောင်းမှ မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဦးဒေဝိန္ဒာဓိထံမှ သံဃာများအားရည်စူး၍ လှူဒါန်းမှုအစုစုအတွက် တရားနာယူကာ အခမ်းအနားကို ဗုဒ္ဓသာသနံစီရံတိဌတု (၃)ကြိမ်ရွတ်၍ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်မိရဖများတက်ရောက်ခဲ့ကြောင်း သိရသည်။

နော်နော်မူ