သဲကုန်းမြို့နယ် တန်ဆောင်မုန်းလအကြောင်း အသိပညာပေး(Talk Show) ကျင်းပ

သဲကုန်း နိုဝင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Centre ခန်းမတွင် ယနေ့နံနက် ၉ နာရီက မြို့နယ်စာရေးဆရာအသင်းနှင့်ပူးပေါင်း၍ တန်ဆောင်မုန်းလအကြောင်း အသိပညာပေး(Talk Show)အစီအစဉ်ကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် သဲကုန်းမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဝင့်နန္ဒာဌေးနှင့် မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် ဦးဆန်းမြင့်အောင်(ဆန်းမြင့်အောင်သဲကုန်း)တို့က တန်ဆောင်းမုန်းလ၏ အဓိပ္ပါယ်၊ တန်ဆောင်မုန်းလ၏ ပွဲတော်များအကြောင်း၊ ကထိန်ပွဲတော်ဖြစ်ပေါ်လာပုံနှင့် သာမညဖလ အခါတော်နေ့ဖြစ်ပေါ်လာပုံများအကြောင်းကို ဆွေးနွေးခဲ့သည်။

တန်ဆောင်မုန်းအကြောင်း အသိပညာပေး(Talk Show)ကို သဲကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်နှင့် We Love Thegon Page တို့တွင် တင်ဆက်သွားမည် ဖြစ်ကြောင်းသိရသည်။

မြို့နယ်၊ပြန်/ဆက်