တောင်သာမြို့ အမှတ်(၂) အခြေခံပညာ မူလတန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

တောင်သာ နိုဝင်ဘာလ ၁၀              

တောင်သာမြို့မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေး ရာ အသိပညာပေး ဟောပြောပွဲကို  ယမန်နေ့ နံနက်  (၁၀) နာရီ အချိန်က အမှတ်(၂) အခြေခံပညာ မူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနား၌ အားကစားနှင့် ကာယပညာဦးစီးဌာနမှ  မြို့နယ်အားကစားမှူး ဦးဝဏ္ဏထွန်းမှ  လူငယ်နှင့် အားကစားဆိုင်ရာ  အသိပညာများ ဟောပြောခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်ကေခိုင်က လူငယ်နှင့်ပညာရည်  မြင့်မားရေးအတွက် ဟောပြောကြပြီးနောက် အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးဝဏ္ဏထွန်းမှ အမှတ်(၂) အခြေခံပညာ မူလတန်းကျောင်းအတွက် အားကစားပစ္စည်းများဖြစ်သည့် ဘောလုံး(၁)လုံးနှင့် ခြင်းလုံး (၃)လုံး စုစုပေါင်း ငွေကျပ် ငါးသောင်းနှစ်ထောင် တန်ဖိုးရှိသည့် အားကစားပစ္စည်းများ  လှူဒါန်းခဲ့ကြကြောင်း သိရသည်၊၊

အဆိုပါ ဟောပြောပွဲသို့ အမှတ်(၂)အခြေခံ ပညာမူလကျောင်းတန်းကျောင်းမှ ဆရာ/ဆရာမနှင့် ကျောင်းသား/ ကျောင်းသူ (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)