နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် တစ်ပိုင်တစ်နိုင် ဝါးနှီး၊ ကြိမ်နှီးအသုံးပြု၍ ရက်လုပ်ခြင်းဖြင့် မိသားစုဝင်ငွေရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်တွင် ရိုးရာအသုံးအဆောင်ဖြစ်သော တစ်ပိုင်တစ်နိုင် ဝါး၊ ကြိမ်နှီးအသုံးပြု၍ ဖျာ၊ ပလိုင်းအမျိုးမျိုး၊ တောင်းအမျိုးမျိုးနှင့် ဆန်ကောများ ရက်လုပ်ခြင်းဖြင့် မိသားစုဝင်ငွေများရရှိလျက်ရှိသည်။

သံဖြူဇရပ်မြို့နယ်၊ အမှတ်(၁) အခြေခံအထက်တန်းကျောင်း၌ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် အခြေခံပညာဦးစီးဌာန၏ကြီးကြပ်မှုဖြင့် ထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် (၉) နာရီခွဲ အချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

သင်္ဃန်းကျွန်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏အတွေးအခေါ်အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော  အသိအမြင်ဗဟုသုတများကိုအသုံးချ၍ တန်ဖိုးရှိသော လူမှုဘဝများဖြစ်လာစေရန်၊ ဗဟုသုတရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၉:၀၀)နာရီက ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)၌  (၁၀၂)မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အကြိုစာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးစပါးစိုက်ပျိုးထုတ်လုပ်မှုနှင့် ဆောင်းသီးနှံ၊ နွေစပါးစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးစပါးစိုက်ပျိုးထုတ်လုပ်မှုနှင့် ဆောင်းသီးနှံ၊ နွေစပါးစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဒေးဒရဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာရုံးများသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ လက်ဝယ်အရောက် ငှားရမ်းပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ပြည်သူများ စာဖတ်ရှိန် မြှင့်တင်ရေး၊ စာပေမှရရှိသော ဗဟုသုတတိုးပွား စေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များ လာရောက် မငှားရမ်းနိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာရုံးများသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ လက်ဝယ်အရောက် လိုက်လံငှားရမ်းပေးခြင်းကို ယနေ့ မွန်းလွဲ(၁)နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရ သည်။

မင်းလှမြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်လူမှုဝန်ထမ်းရုံးမှပြုလုပ်သည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယနေ့နံနက် ၁၀ နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to