မိုင်းဆတ်မြို့၌ မြေဆီလွှာညစ်ညမ်းမှုကာကွယ်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပ

မိုင်းဆတ် နိုဝင်ဘာ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာ နတို့ ပူးပေါင်း၍ မြေဆီလွှာညစ်ညမ်းမှု ကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က မြေဆီလွှာညစ်ညမ်းမှုဖြစ်ပေါ်စေသည့် အကြောင်းအရင်း များ၊ မွေးမြူရေးနှင့်ပတ်သက်၍ မြေဆီလွှာညစ်ညမ်းမှုဖြစ်ရသည့် အကြောင်းအရင်းများ၊ စက်မှုလုပ်ငန်းကြောင့် မြေဆီလွှာညစ်ညမ်းစေသည့် အကြောင်းအရင်းများကို မေးမြန်းဆွေးနွေးရာ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ပန်းအိသွယ်က မြေဆီလွှာပျက်စီး လာမှုသည် သဘာဝကြောင့်လည်းကောင်း၊ လူသားတို့၏ မဆင်မခြင်ပြုမှုဆောင်ရွက်မှုကြောင့် မြေဆီလွှာအရည်အသွေး ယိုယွင်းပျက်စီးရခြင်းဖြစ်ကြောင်း၊ မွေးမြူရေးနှင့်ပတ်သက်၍ လူသားများသည် ကျွဲ၊ နွား၊ သိုး၊ ဆိတ်တို့ကို စားကျက်မြေတွင် လွှတ်ကျောင်းသည့်စနစ်ကြောင့် စားကျက်များ ပျက်စီးကာ မြေဆီလွှာအရည်သွေးယိုယွင်း ပျက်စီးရကြောင်း၊ မြေဆီလွှာညစ်ညမ်း မှုမဖြစ်စေရန် စွန့်ပစ်ပစ္စည်းများ မြေကြီးထဲသို့ တိုက်ရိုက်စွန့်ပစ်မှု မပြုလုပ်ဘဲ စနစ်တကျ စည်းကမ်းရှိစွာ စွန့်ပစ်၍ ပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်သင့်ကြောင်း ဆွေးနွေးပြောကြား ခဲ့သည်။

မြင့်မောင်(ပြန်/ဆက်)