ကွမ်းခြံကုန်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

ကွမ်းခြံကုန်း   နိုဝင်ဘာ  ၁၀

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယမန်နေ့ကစာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် ပြိုင်သမျှအနိုင်ရမှစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ဒေါ်နန့််ဆွေနွယ်ဦး(ဦးစီးအရာရှိ)က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာပေချစ်မြတ်နိုးသူများအသင်း(youth Club)အဖွဲ့ဝင် မလင်းလက်ခိုင်ကစာရေးဆရာ(ချစ်နိုင်)ရေးသားထားသည့် ပြိုင်သမျှအနိုင်ရမှစာအုပ်ထဲမှ ငယ်စဉ်အခါပညာရှာ၊ မဖြူဖြူဝင်းလိုရာဆန္ဒပြည့်ဝစေသောအခါ၊ မကျော့ကေခိုင်က စိတ်ကူးယဉ်ခြင်းစသည့် အကြောင်းအရာများအပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ပြည်သူ့စာကြည့်တိုက် Online Page မှတစ်ဆင့် စာအုပ်မိတ်ဆက်၊ ပုံပြောခြင်း၊ ကဗျာရွတ်ခြင်းအပြင်စာအုပ်များငှားရမ်းပေးခြင်း၊ ပြပွဲများ၊ ပြိုင်ပွဲများ၊ သင်တန်းများကျင်းပပြုလုပ်ပေးခြင်း(Talk Show)နှင့် စာဖတ်ဝိုင်းများကိုလည်း စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆွေနွယ် (IPRD)