ဒေးဒရဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာရုံးများသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ လက်ဝယ်အရောက် ငှားရမ်းပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ပြည်သူများ စာဖတ်ရှိန် မြှင့်တင်ရေး၊ စာပေမှရရှိသော ဗဟုသုတတိုးပွား စေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များ လာရောက် မငှားရမ်းနိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာရုံးများသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ လက်ဝယ်အရောက် လိုက်လံငှားရမ်းပေးခြင်းကို ယနေ့ မွန်းလွဲ(၁)နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရ သည်။

မင်းလှမြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်လူမှုဝန်ထမ်းရုံးမှပြုလုပ်သည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယနေ့နံနက် ၁၀ နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဆည်မြို့တွင် ကျောင်းသား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ပုံပြော၊ ကဗျာရွတ်၊ စကားပုံဆက်ပြိုင်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့မွန်းလွဲ (၂)နာရီခွဲက ကျောင်းသား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေး ပုံပြော၊ ကဗျာရွတ်၊ စကားပုံဆက်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်၌ အသက် (၅) နှစ်မှ (၁၁) နှစ်အထိ ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်ကာကွယ်ဆေး Germany နိုင်ငံထုတ် Pfizer ကာကွယ်ဆေးများထိုးနှံ‌

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်ရည်ရွယ်၍ ပြည်သူများနှင့်ကျောင်းသား၊ကျောင်းသူများကို သက်မှတ်ထားသည့် နေရာအသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ အသက်(၅)နှစ်မှ (၁၁)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်ကာကွယ်ဆေး Germany နိုင်ငံထုတ် Pfizer ကာကွယ်ဆေးထိုးနှံ‌ပေးလျက်ရှိကြောင်း အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကျောက်ကြီးမြို့၌ စည်ပင်သာယာရေးအဖွဲ့ပိုင် အောင်သုခရပ်ကွက်၊ စိန်ပန်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ် အောင်သုခရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် စိန်ပန်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများအား ယနေ့နံနက်ပိုင်းက စတင်ဆောင်ရွက်လျက်ရှိသည်။

ကျောက်တန်းမြို့နယ်၌ ယာဉ်စည်းကမ်း အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ကျောက်တန်းမြို့နယ်တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် မြို့နယ်အတွင်း ဖြတ်သန်းသွားလာသူများအား နှာခေါင်းစည်း Mask တပ်ဆင်သွားလာခြင်း ရှိ/ မရှိ နှင့်နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၇နာရီခွဲမှ ၉နာရီအထိ ကျောင်တန်းမြို့နယ် မြို့မစျေးရှေ့၌ စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားနည်းစနစ်များအကြောင်း အသိပညာပေးဟောပြောခြင်းနှင့် အားကစားပစ္စည်းပေးအပ်ထောက်ပံ့ခြင်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မအူပင်ဆိပ်ကျေးရွာအုပ်စု ကပ်ကျေးဆိပ်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက် ၈ နာရီအချိန်ခန့်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားနည်းစနစ်များအကြောင်း အသိပညာပေးဟောပြောခြင်းနှင့် အားကစားပစ္စည်းများ ပေးအပ်ထောက်ပံ့ပေးအပ်ခြင်းများ‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

(၆၇) နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ကရင့်ရိုးရာ ဒုံးအကပြိုင်ပွဲ ပဥ္စမနေ့ ဆက်လက်ကျင်းပ ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးကြည့်ရှုအားပေး

(၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ကရင့်ရိုးရာ ဒုံးအကပြိုင်ပွဲ ပဥ္စမနေ့ (နောက်ဆုံးနေ့) ကို ယမန်နေ့ မွန်းလွဲ ၅ နာရီခန့်မှစ၍ ဘားအံမြို့၊ သီရိကွင်းရှိ ဒုံးစင်မြင့်ထက်၌ ဆက်လက်ကျင်းပသည်။
Subscribe to