ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မင်္ဂလာဒုံမြို့နယ်ရုံး (Community centre) ခန်းမ၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြို ဟောပြောပွဲနှင့်ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ မင်္ဂလာဒုံမြို့နယ်ရုံး (Community Centre) ခန်းမ၌ ယနေ့ နံနက်(၁၀)နာရီအချိန်က (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ်အဖြစ် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့်စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်ချက်ဖြင့် အထိမ်းအမှတ်နေ့များ၊ နေ့ထူးနေ့မြတ်များတွင် ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ရေတာရှည်မြို့နယ်တွင် ၇၅ နှစ်​မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်​ မူလတန်းအဆင့် ဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ၇၅ နှစ်​မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အ​ခြေခံပညာမူလတန်းအဆင့် ဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ဖူဆယ်​ဘောလုံးကွင်းတွင် ယနေ့ နံနက် (၈)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရေတာရှည်မြို့နယ်၌ ခရိုင်အဆင့်မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ တစ်ဧကလျှင် စပါးအစိုတင်း ၁၂၈ တင်းထွက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ သပြေတန်းကျေးရွာ၌ တောင်ငူခရိုင် စိုက်ပျိုးရေးဦးစီးဌာနဦးဆောင်ကြီးကြပ်မှုဖြင့် ၂၀၂၂ ခုနှစ် မိုးစပါးရာသီတွင် မျိုးစေ့ချ ကိရိယာ(drum seeder)ဖြင့် ဆောင်ရွက်ခဲ့သော တောင်သူဦးလင်း၏ ဗျော့ထွန်းစပါးမျိုး စံပြစိုက်ခင်း၌  ခရိုင်အဆင့်မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပရာ တစ်ဧကလျှင် စပါးအစိုတင်း ၁၂၈ တင်းထွက်ရှိကြောင်း သိရသည်။

ကျိုင်းလပ်မြို့ ရုံးလူထု အခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာရေးဆရာ ချစ်နိုင် (စိတ်ပညာ)၏ "ခေါင်းဆောင်မှုအတွေး၏အရေးပါမှု" စာအုပ်ကို ယနေ့နံနက် ၁၀ နာရီအချိန်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

မိုင်းယန်းမြို့နယ်တွင်  နယ်လှည့်ဝန်ဆောင်မှု စာကြည့်တိုက်၊ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြသ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင်၊ ပြင်ပဗဟုသုတရရှိစေရန်၊ အနာဂတ်၏ ခေါင်းဆောင်များဖြစ်လာမည့် ကလေးများရဲ့ ဉာဏ်ရည် ဉာဏ်သွေး၊ အတွေးအခေါ်အယူအဆများ ထက်မြက်လာစေရန်၊ စာကြည့်တိုက်ကို အသုံးပြုတတ် စေရန်နှင့် စာပေဖတ်ရှုလေ့လာလိုစိတ် မြင့်မားလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့မွန်းလွဲ ၁ နာရီခွဲက ပါမိုင်ရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၌ နယ်လှည့်ဝန်ဆောင်မှု စာကြည့်တိုက်၊ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အမ်းမြို့နယ်၌ နေရပ်ပြန်မည့် တိုက်ပွဲရှောင်ပြည်သူများသို့ ထောက်ပံ့ငွေနှင့် ပစ္စည်းများထောက်ပံ့ပေး အပ်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ တိုက်ပွဲရှောင်စခန်း/စုရပ်များရှိနေရပ်ပြန်မည့် တိုက်ပွဲရှောင်ပြည်သူများသို့ ထောက်ပံ့ငွေနှင့် ပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

၁၀၂ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကျင်းပ

၁၀၂ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကျင်းပ ဇေယျာသီရိ နိုဝင်ဘာ ၁၀ ထွန်းလင်း

လက်ပံတန်းမြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပပံတန်းမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ဟိုပုံးမြို့ သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီး ဗုဒ္ဓပူဇနိယ တန်ဆောင်တိုင်မီးထွန်းပွဲတော် ဘောလီဘောနှင့် ပိုက်ကျော်ခြင်းလုံးပြိုင်ပွဲတွင် ဆုရရှိသော အသင်းများအား ဆုချီးမြှင့်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကျင်းပပြုလုပ်သော သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီး ဗုဒ္ဓပူဇနိယတန်ဆောင် တိုင်မီးထွန်းပွဲတော်တွင် ဘော်လီဘောပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ခြင်းကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိသည်။

တောင်ငူ၌ တိုင်းရင်းသား ဘာသာစကားသင် ဆရာ/ဆရာမ များအတွက် အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူပညာရေး ဒီဂရီကောလိပ် မြတ်ပညာခန်းမတွင် ယနေ့ နံနက်ပိုင်းက တိုင်းရင်းသား ဘာသာစကားသင် ဆရာ /ဆရာမ များအတွက် အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ ကျင်းပခဲ့သည်။
Subscribe to