ဟိုပုံးမြို့ သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီး ဗုဒ္ဓပူဇနိယ တန်ဆောင်တိုင်မီးထွန်းပွဲတော် ဘောလီဘောနှင့် ပိုက်ကျော်ခြင်းလုံးပြိုင်ပွဲတွင် ဆုရရှိသော အသင်းများအား ဆုချီးမြှင့်

ဟိုပုံး နိုဝင်ဘာ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကျင်းပပြုလုပ်သော သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီး ဗုဒ္ဓပူဇနိယတန်ဆောင် တိုင်မီးထွန်းပွဲတော်တွင် ဘော်လီဘောပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ခြင်းကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိသည်။

အဆိုပါဘော်လီဘောပြိုင်ပွဲတွင် အသင်းပေါင်း(၇)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပိုက်ကျော် ခြင်းပြိုင်ပွဲတွင် အသင်းပေါင်း(၁၁)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဘော်လီဘောပြိုင်ပွဲတွင် ဗိုလ်လုပွဲ စဉ်အဖြစ် ပအိုဝ်းစတားဘော်လီဘောအသင်းနှင့် ကြေးစားဘော်လီဘောအသင်းတို့ ယှဉ်ပြိုင်ကစား ရာ ပအိုဝ်းစတားဘော်လီဘောအသင်းက ဗိုလ်စွဲခဲ့ပြီးနောက် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မျိုးဆက်သစ်ပိုက်ကျော်ခြင်းအသင်းနှင့် ဂျေ(9)ပိုက်ကျော်ခြင်းအသင်းတို့ ယှဉ်ပြိုင်ကစားရာ မျိုးဆက်သစ် ပိုက်ကျော်ခြင်းအသင်းက ဗိုလ်စွဲခဲ့ကြောင်း သိရသည်။ ဘော်လီဘောနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဆုရရှိသော ပအိုဝ်းစတာဘော်လီဘောအသင်းနှင့် မျိုးဆက်သစ်ပိုက်ကျော်ခြင်းအသင်းတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်ကောင်းချစ်ထွန်း၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းခိုင်ဦးနှင့် သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီး ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ရှိန်တို့က ဆုရရှိသောအသင်းများကို ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဘော်လီဘောပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဟိုပုံးမြို့ သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီး ဗုဒ္ဓပူဇနိယ တန်ဆောင်တိုင်မီးထွန်းပွဲတော်တွင် နိုဝင်ဘာလ(၈)ရက်နေ့မှ ယမန်နေ့အထိ ကျင်းပ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်