ကျိုင်းလပ်မြို့ ရုံးလူထု အခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

ကျိုင်းလပ် နို၀င်ဘာ ၁၀

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာရေးဆရာ ချစ်နိုင် (စိတ်ပညာ)၏ "ခေါင်းဆောင်မှုအတွေး၏အရေးပါမှု" စာအုပ်ကို ယနေ့နံနက် ၁၀ နာရီအချိန်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ကျိုင်းလပ်​မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဒေါ်မေဇင်ဦးက စာဖတ်ဝိုင်းပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (BOOK CLUB)အသင်းဝင် ဒေါ်လှစန်းမြင့်မှ ဦးဆောင်၍ စာရေးဆရာ​ချစ်နိုင် (စိတ်ပညာ)၏ "ခေါင်းဆောင်မှုအတွေး၏ အရေးပါမှု" စာအုပ်ထဲမှ "လူငယ်နှင့်ပညာရေး" ခေါင်းစဉ်နှင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (BOOK CLUB) အဖွဲ့များမှလည်း အပြန်အလှန် ဖတ်ကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

မေဇင်ဦး (ပြန်/ဆက်)