ရွှေပြည်သာမြို့နယ် Community Centre ခန်းမ၌ (၁၀၂)နှစ်မြောက်အမျိုးသားနေ့အကြို ဟောပြောပွဲ၊ စာစီစာကုံး၊ ကဗျာ၊ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲနှင့်ဆုပေးပွဲအခမ်းအနားကျင်းပ
ရွှေပြည်သာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန် အထိမ်းအမှတ်နေ့များ၊ နေ့ထူးနေ့မြတ်များတွင်ပြပွဲ၊ ပြိုင်ပွဲများကို ကျင်းပဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက (Community Centre)ခန်းမ၌ မြို့နယ်စာရေးဆရာအသင်းနှင့်ပူးပေါင်း၍ (၁၀၂)မြောက်အမျိုးသားနေ့အကြိုဟောပြောပွဲ၊ စာစီစာကုံး၊ ကဗျာ၊ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။