ရေတာရှည်မြို့နယ်တွင် ၇၅ နှစ်​မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်​ မူလတန်းအဆင့် ဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲကျင်းပ

ရေတာရှည် နိုဝင်ဘာ ၁၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ၇၅ နှစ်​မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အ​ခြေခံပညာမူလတန်းအဆင့် ဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ဖူဆယ်​ဘောလုံးကွင်းတွင် ယနေ့ နံနက် (၈)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရေတာရှည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ဘောလုံးအားကစားသမားများက အားကစားသစ္စာအဓိဌာန်(၄)ချက်ကို ရွတ်ဆိုခဲ့ကြသည်။ ထို့နောက် ပြိုင်ပွဲဝင် အားကစားသမားများအား  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့် အဖွဲ့ဝင်များက ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အား​ပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပြိုင်ပွဲဝင် အားကစားသမားများအား  ပြိုင်ပွဲဝင်​ဘောလုံးများ ပေးအပ်ခဲ့သည်။

ယင်းနောက်  မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဘောလုံးဝါသနာရှင်များသည် မူလွန် (ဘိုး​​တော်ကုန်း) အသင်းနှင့်  အ.လ.က(ခွဲ) အမှတ် (၄) ရပ်ကွက်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ  ဘောလုံးပြိုင်ပွဲအား ကျောင်းသား/ ကျောင်းသူများ ကျန်းမာသန်စွမ်းပြီး စိတ်ဓာတ်ကြံ့ခိုင်သော နိုင်ငံသား​ကောင်းများ ဖြစ်လာ​စေရန်၊ အားကစားလုပ်ငန်းဆောင်ရွက်ခြင်းဖြင့် မြို့နယ်အတွင်းရှိ ကျောင်းသား/ ကျောင်းသူများ တွေ့ဆုံပြီး ချစ်ခင်ရင်းနှီးမှုများရရှိကာ တိုင်းရင်းသား စည်းလုံးညီညွတ်မှု တိုးတက်စေရန်၊ မြို့နယ်အဆင့်ပြိုင်ပွဲများမှ ခရိုင်အဆင့်၊ တိုင်းအဆင့်၊ နိုင်ငံတော်အဆင့်အထိ လက်​ရွေးစဉ်များ ထွက်ပေါ်လာစေရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလ(၁၀) ရက်နေ့မှ (၁၄)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် အ​ခြေခံပညာ​ကျောင်းများမှ မူလတန်းအဆင့် ပြိုင်ပွဲဝင် ဘောလုံးအသင်း (၆) သင်းတို့ပါဝင်ကာ  ယှဉ်ပြိုင်ကစားသွားမည် ဖြစ်ကြောင်း သိရသည်။

ရေတာရှည်(ပြန်/ဆက်)