မဟာအောင်မြေမြို့နယ်ရုံး ကလေးစာဖတ်ခန်းမ၌ စကားပုံဆက်ပြိုင်ပွဲနှင့် ပုံပြင်ပြော ပြိုင်ပွဲများ ကျင်းပ

မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ‌ခြေပြုဗဟိုဌာန ကလေးစာဖတ်ခန်းမ၌ စကားပုံဆက်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွေး ညောင်ဦးခရိုင်အတွင်းရှိ ဝန်ထမ်းများနှင့်တွေ့၍ ရုံးပိုင်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီဆောင်ရွက်ရန်မှာကြား

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွေးသည် ယမန်နေ့နံနက် ၈ နာရီခွဲအချိန်မှစတင်ကာ ညောင်ဦးခရိုင်ဦးစီးမှူးရုံးခန်း၌ ညောင်ဦးခရိုင်ဦးစီးမှူးရုံး၊ ညောင်ဦးမြို့နယ်ဦးစီးမှူးရုံးနှင့် ကျောက်ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့နယ်တွင် မြို့နယ်အဆင့်   ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ထက်၊ လယ်၊ မူကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကို ယနေ့နံနက် (၉) နာရီ အချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ မြတ်ရတနာ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် စာပေဝါသနာရှင် လူငယ်များ စုပေါင်း၍ စာဖတ်ဝိုင်း ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၃)နာရီက မြို့နယ် ပြန်/ဆက်ရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အုတ်တွင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်းနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား ပြည်ထောင်စုစိတ်ဓာတ်ရင့်သန်ပြီး မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်လာစေရန်နှင့် နိုင်ငံတစ်ခု၏လွတ်လပ်ခြင်းသည် အမှုမဲ့ပြုလျှင် လွယ်ကူစွာဆုံးရှုံးသွားနိုင်ပြီး

နမ့်စန်တွင် ၁၄ နှစ်အောက် ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် မြို့နယ် OLD STAR အဖွဲ့တို့ကြီးမှူး ကျင်းပသော Smile Place Guest House ဖလား အသက် (၁၄) နှစ်အောက် ကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက နမ့်စန် အ-ထ-က ကျောင်း အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မင်းတုန်းမြို့‌နယ်တွင် မိုးစပါးဆင်းသုခမျိုးသန့်စိုက်ခင်း စံကွက်ရိတ်သိမ်း

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ တံတားအုပ်စု၊ ဇီးတောကျေးရွာ ကွင်းအမှတ်(၃၂၈) တံတားကွင်းရှိ စိုက်ပျိုးရေးဦးစီးဌာန၏ အကျိုးဆောင်သူ ဦးစိန်နိုင်၏ လယ်တွင် ယမန်နေ့ နံနက်(၉)နာရီက မိုးစပါးဆင်းသုခမျိုးသန့် စံကွက်ရိတ်သိမ်းရာ တစ်ဧကအထွက်နှုန်း အစိုထွက်တင်း ၁၁၀ ထွက်ရှိ‌ကြောင်း သိရသည်။

ပေါက်တောမြို့တွင် စာဖတ်ရှိန် မြှင့်တင်ရေးအတွက် စာဖတ်သူများထံသို့ စာအုပ်များ အခမဲ့ ငှားရမ်းပေး

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်၊ စာငှားသူများ အဆင်ပြေစေရေးနှင့် စာပေဖတ်ရှုမှု မြင့်မားရေးအတွက် ယနေ့ ညနေပိုင်းက ပေါက်တောမြို့ရှိ ဦးမြဝါပန်းခြံတွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင် ပုံမှန်ငှားရမ်းပေးသည်။

ငါးသိုင်းချောင်းမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်လံအသိပညာပေး နှိုးဆော်

ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့အတွင်း နေထိုင်လျက်ရှိသည့် မိဘပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာများ၊ နယ်မြေမီးသတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့ ညနေပိုင်းက မြို့ပေါ်ရပ်ကွက်လမ်းများအတွင်းနှင့် လူစည်ကားရာလမ်းဆုံများ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း လယ်ယာသုံးစက်ကိရိယာ ပြုပြင်ထိန်းသိမ်းမှု အခြေခံသင်တန်း(တောင်သူ)၊ ဂဟေဆက်သင်တန်းနှင့် အခြေခံကွန်ပျူတာသင်တန်း ဖွင့်ပွဲအခမ်းအနား တက်ရောက်

အစိုးရနည်းပညာအထက်တန်းကျောင်း(မော်လမြိုင်)နှင့် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၇)အလတ်စားစက်ပြင်အလုပ်ရုံ(သထုံမြို့)တို့ ပူးပေါင်းဖွင့်လှစ်သည့် “လယ်ယာသုံးစက်ကိရိယာပြုပြင်ထိန်းသိမ်းမှု အခြေခံသင်တန်း(တောင်သူ)၊ ဂဟေဆက်သင်တန်း၊ အခြေခံကွန်ပျူတာသင်တန်း” သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၂  ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့၊ နံနက်ပိုင်းက အစိုးရနည်းပညာအထက်တန်းကျောင်း(မော်လမြိုင်)ကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ သင်တန်းသူ၊ သင်တန်းသားများ တက်ရောက်ခဲ့သည်။
Subscribe to