မချမ်းဘော့၌ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ခြင်းဆိုင်ရာ အသိပေးကြေညာချက် Talk Show ဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ခြင်းဆိုင်ရာများနှင့် ပတ်သက်၍ မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လဝက ဦးစီးမှူးရုံးတို့ ပူးပေါင်း၍ မိဘပြည်သူများသို့ အသိပေး ထုတ်ပြန်ချက်ဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့ နံနက် ၁၀ နာရီက (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

သရက်ချောင်းမြို့နယ် မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ဆင်ကူးကျေးရွာအုပ်စု ကွင်းအမှတ်(၃၉၀) ဦးပိုင်အမှတ်(၁၇/၂) တောင်သူဒေါ်စိန်၏ ဆင်းသုခ(Seeder) စံပြမိုးစပါးစိုက်ခင်း(၀.၁၀)ဧကအား စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ကကျင်းပခဲ့သည်။

သိန္နီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင် သိန္နီမြို့တွင် စာအုပ်စာပေများကို ဖတ်ရှုလေ့လာချင်သော်လည်း မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ အကြောင်းအမျိုးမျိုးကြောင့် စာအုပ်များ လာရောက်ငှားရမ်းဖတ်ရှုရန် အခက်အခဲရှိသည့် စာပေဝါသနာရှင်များ အဆင်ပြေစေရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းအနေဖြင့် စာအုပ်စာစောင်များကို Mobile စနစ်ဖြင့် ပြည်သူများ၏လက်ဝယ်အရောက် အခမဲ့ သွားရောက်ငှားရမ်းပေးခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်ပိုင်းအချိန်က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှိုင်မြို့နယ်တွင် ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် အခြေခံစားသောက်ကုန်များ ဝယ်ယူနိုင်ရေး နေ့စဉ်ရောင်းချပေး

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ပြည်သူများအနေဖြင့် နေ့စဉ်လူမှုဘဝ စားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များကို  ဈေးနှုန်းချိုသာစွာ နေ့စဉ်ရောင်းချပေးလျက်ရှိရာ လှိုင်မြို့နယ်တွင်လည်း အမှတ်(၉)ရပ်ကွက်၊ အင်းစိန်လမ်းတွင် ယနေ့နံနက် ၁၀:၃၀ နာရီ အချိန်မှစတင်၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

လှည်းကူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးနှာခေါင်းစည်း Mask များဖြန့်ဝေ

နိုင်ငံတစ်ဝှမ်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် နှာခေါင်းစည်း Mask များအခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းကို ယနေ့နံနက်(၈)နာရီက လှည်းကူးမြို့၊ မြို့မဈေးကြီးနှင့် Bus ကားဂိတ်များတွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောင်းကုန်းမြို့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် ပတ်သက်သည့် အသိပညာပေး Talk Show ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် ပတ်သက်၍ မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက် အသိပညာပေး Talk Show ကို ယမန်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန မြို့နယ်ဦးစီးမှူးရုံးတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့သည်။

ဥတ္တရသီရိမြို့နယ်တွင် သီးထပ်၊ သီးညှပ် စွမ်းအားတိုးတက်မြင့်မားရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်း သီးထပ်၊ သီးညှပ်စွမ်းအား တိုးတက်မြင့်မားရေး တောင်သူများနှင့်​ တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မင်းကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။

ကမမောင်းမြို့၌ ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4,B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီ အချိန်က ကမမောင်းမြို့ အမှတ် ၂ ရပ်ကွက်၌ ပြည်သူများအား ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4,B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။

သာပေါင်းမြို့နယ်အတွင်းရှိ မြို့တွင်းလမ်းများနှင့် အဝေးပြေးလမ်းများတွင် လမ်းညွှန်သင်္ကေတများ၊ လမ်းအမှတ်အသားများနှင့် ရပ်၊ ကြည့်၊ သွား စတစ်ကာဆိုင်းဘုတ်များ စိုက်ထူထားရှိခြင်း ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင်းရှိ လမ်းများနှင့် အဝေးပြေးလမ်းများတွင် လမ်းညွှန်သင်္ကေတများ၊ လမ်းအမှတ်အသားများနှင့် ရပ်၊ ကြည့်၊ သွား စတစ်ကာဆိုင်းဘုတ်များကို စိုက်ထူထားရှိခြင်းအား နိုဝင်ဘာလ ၉ ရက်နေ့ ညနေ ၃ နာရီအချိန်က ကြည့်ရှုစစ်ဆေးကြသည်။

ညောင်ဦးမြို့နယ်၌ တောပျားရှာဖွေရောင်းချသူများ ပျားရည်ဈေးကောင်းရခြင်းကြောင့် မိသားစုဝင်ငွေတွက်ခြေကိုက်နေကြ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကျေးလက်နေပြည်သူများ တောပျားရှာဖွေရောင်းချခြင်းဖြင့် မိသားစုဝင်ငွေတွက်ခြေကိုက်နေကြကြောင်း၊ တစ်ရက်လျှင်တော ပျားရှာဖွေရောင်းချကြရာ နှစ်ပိဿာမှ လေးပိဿထိ ရှာဖွေရရှိရောင်းချနေရကြောင်း လက်ပံတဲကျေးရွာ တောပျားရှာဖွေရောင်းချသည့် ဦးမျိုးမင်းနိုင်ထံက သိရသည်။
Subscribe to