ကျောင်းကုန်းမြို့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် ပတ်သက်သည့် အသိပညာပေး Talk Show ကျင်းပ

ကျောင်းကုန်း နိုဝင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် ပတ်သက်၍ မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက် အသိပညာပေး Talk Show ကို ယမန်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေး Talk Show တွင် နိုင်ငံသားစိစစ်ရေးကတ်ပြား လုပ်ငန်းများကို ပြည်သူများက ကျယ်ကျယ် ပြန့်ပြန့် သိသင့်သိထိုက်သည့် အကြောင်းအရာများ အသိပေးထုတ်ပြန်ခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်း၊ ဗီနိုင်းများစိုက်ထူခြင်း၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/ပျက်စီးပါက သက်ဆိုင်ရာ လ.ဝ.က ရုံးသို့ သတင်းပို့‌ ဖြေရှင်းခြင်း၊ အသက်(၁၀)နှစ်ပြည့်ပါက နိုင်ငံသားစိစစ်ရေး ကတ်ပြား မပြုလုပ်ရသေးသော သူများသည် သက်ဆိုင်ရာ လ.ဝ.ကရုံးများတွင် ဆောင်ရွက်နိုင်ပြီး အသက်အပိုင်းအခြားအတိုင်း ပြန်လည်လဲလှယ်ရမည်ဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေး ကတ် ပြားနံပါတ် တစ်ခုထက်ပို ကိုင်ဆောင်ခြင်းမပြုရ၊ ကိုင်ဆောင်ထားရှိပါက သက်ဆိုင်ရာမြို့နယ် လ.ဝ.က ရုံးများတွင် အမြန်သွား ရောက်အပ်နှံရမည်ဖြစ်ကြောင်း၊ လာမည့်နိုဝင်ဘာလ (၁၅)ရက်နေ့အထိ ကတ်အပိုများ အပ်နှံခြင်းမပြုပါက နောက်ဆုံးထုတ်ယူသော နိုင်ငံသားစိစစ်ရေးကတ်ကိုသာ အတည်ပြု၍ ယခင်ကျန်ကတ်အပိုများကို ပယ်ဖျက်စာရင်း သွင်းမည်ဖြစ်ကြောင်း၊ ယခုလို အသိပေးထုတ်ပြန်ချက် များကို အသိပညာပေး Talk Show ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းသူအောင်က ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ထုတ်ပြန်ချက်မှာ ပါရှိသည့် ပုံစံ ၆၆/၆ အိမ်ထောင်စုလူဦး‌ရေစာရင်း အချက်အလက်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပါ အချက်အလက်ကွဲလွဲပါက သက်ဆိုင်ရာ လ.ဝ.ကရုံး တွင် သွားရောက်ပြင်ဆင်ရ မည်ဖြစ်ကြောင်း၊ ကျောင်းကုန်းမြို့တွင် အထစပြုလုပ်ထား သော်လည်း ရန်ကုန်မြို့တွင် ထပ်မံပြုလုပ်မိပါ က ၁.၁၁.၂၀၂၂ ရက်နေ့အထိ အထစအပိုများ အပ်နှံခြင်း မပြုပါက နောက်ဆုံးထုတ်ယူသော ပုံစံ ၆၆/၆(အထစ) ကိုသာ အတည်ပြုမည်ဖြစ်ကြောင်း၊ (ပြောင်းဝင်/ပြောင်းထွက်/မွေးဖွား/သေဆုံးခြင်း) ပြောင်းလဲမှုရှိသည့် အခါတိုင်း သက်ဆိုင်ရာ မြို့နယ်လဝကရုံးများသို့ သွားရောက်၍ နောက်ဆုံးအခြေ အနေနှင့် အညီ ပြင်ဆင်မှုများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မည်သည့်အရပ်ဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းပုံစံ ၆၆/၆ (အထစ) မရှိသေးသူများသည် နီးစပ်ရာ မြို့နယ်လဝကရုံးများသို့ ပန်းခင်းစီမံချက် အရ စိစစ်ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ လာမည့် နိုဝင်ဘာလ (၁၅) ရက်နေ့ နောက်ဆုံးထား၍ လာရောက်ပြုလုပ်ဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)