မဟာအောင်မြေမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

မဟာအောင်မြေမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက် (၁၁) နာရီက ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ ဟောပြောပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဘိုဘိုဟန်၊ ဒုတိယဦးစီးမှူး ဦးညီဝင်းသူနှင့် ဝန်ထမ်းများ၊ အမှတ် (၁) အခြေခံပညာ အလယ်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြဝင်းနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။

(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကျင်းပ

ကျောင်းသား/ကျောင်းသူ မျိုးဆက်သစ်လူငယ်များ အနေဖြင့် အမျိုးသားအောင်ပွဲနေ့ ပေါ်ပေါက်လာပုံနှင့် အမျိုးသားနေ့နှင့် ပတ်သက်သည့် အသိပညာဗဟုသုတများ ရရှိလာစေရန် ရည်ရွယ်ပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၁၇)ရက်  (၁၃၈၄  ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် (၁၀)) ရက်နေ့တွင် ကျရောက်မည့်  (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို  ယမန်နေ့မွန်းလွဲပိုင်းက ရေဦးမြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် ကျင်းပခဲ့‌ကြောင်း သိရသည်။

ကံမမြို့နယ်၌ ဆောင်းသီးနှံ နေကြာစိုက်ပျိုးမှု လျာထားချက်ပြည့်မှီရေး တွေ့ဆုံဆွေးနွေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ဆောင်းသီးနှံ နေကြာစိုက်ပျိုးမှု လျာထားချက်ပြည့်မှီရေး တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရာ ကံမမြို့နယ်တာဝန်ခံ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး သက်နိုင်ထွန်းနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

မြစ်သားမြို့နယ်အတွင်း၌ စားအုန်းဆီတစ်ပိဿာ(၄၈၀၀)ကျပ်နှုန်းဖြင့် စျေးနှုန်းချိုသာစွာရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းတွင် မြန်မာနိုင်ငံဆီကုန်သည်၊ ဆီလုပ်ငန်းရှင်များအသင်းနှင့်  စားသုံး သူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ဒေသခံပြည်သူများ စျေးနှုန်းသက်သာစွာစားသုံးနိုင်ရန်အတွက် စားအုန်းဆီတစ်ပိဿာ(၄၈၀၀)ကျပ်နှုန်းဖြင့် မြစ်သားမြို့၊  မြို့မအနောက်ရပ်ကွက်ရှိ  မြို့မစျေးတောင်ဘက်ဝင်ပေါက်အနီး၌ ယနေ့နံနက်(၈)နာရီကရောင်းချပေးကြောင်း သိရသည်။

မြစ်သားမြို့နယ်အတွင်း၌ စားအုန်းဆီတစ်ပိဿာ(၄၈၀၀)ကျပ်နှုန်းဖြင့် စျေးနှုန်းချိုသာစွာရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းတွင် မြန်မာနိုင်ငံဆီကုန်သည်၊ ဆီလုပ်ငန်းရှင်များအသင်းနှင့်  စားသုံး သူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ဒေသခံပြည်သူများ စျေးနှုန်းသက်သာစွာစားသုံးနိုင်ရန်အတွက် စားအုန်းဆီတစ်ပိဿာ(၄၈၀၀)ကျပ်နှုန်းဖြင့် မြစ်သားမြို့၊  မြို့မအနောက်ရပ်ကွက်ရှိ  မြို့မစျေးတောင်ဘက်ဝင်ပေါက်အနီး၌ ယနေ့နံနက်(၈)နာရီကရောင်းချပေးကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ်၌ နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီတွင် ညောင်ငူကျေးရွာ အ-မ-ကကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့နယ် ဘက်ရဲမြို့မဈေးတွင် မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ဘက်ရဲမြို့မဈေးတွင် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရန်၊ မီးလောင် ဆုံးရှုံးမှုလျှော့နည်းစေရန် ရည်ရွယ်ပြီး ယမန်နေ့ နံနက်ပိုင်းက မြို့နယ်မီးသတ် ဦးစီးအရာရှိ ဦးကိုကိုနိုင် ဦးဆောင်သောအဖွဲ့မှ မီးဘေး လုံခြုံရေး ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

တံတားဦးမြို့ ပန်းယျကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ သဘာဝဘေးအန္တရာဆိုင်ရာ အသိပညာပေး ဟောပြော

တံတားဦးခရိုင် တံတားဦးမြို့နယ်  ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့ မွန်းလွဲ (၁) နာရီက တံတားဦးမြို့ ပန်းယျကျေးရွာ အခြေခံပညာ မူလတန်းကျောင်းအတွင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပကြောင်း သိရသည်။

ပန်ဆိုင်း(ကြူကုတ်)မြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နံရံကပ် စာစောင်နှင့်  စာအုပ်စာစောင်ပြပွဲပြုလုပ်

တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့ ၂၀၂၂ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုသောအားဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း (ကြူကုတ်)မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြပွဲအား ယနေ့နံနက် ၁၁နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

သရက်ချောင်းမြို့နယ်တွင် တိုင်းဒေသကြီး သုဓမ္မာရွှေတောင်ဂိုဏ်းချုပ် တပ်ရာကုန်း ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တအရိယဝံသ၏ ရုပ်ကလပ်အား ပူဇော်ခံထားရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြို့မရပ်ကွက်တွင် တိုင်းဒေသကြီး သုဓမ္မာရွှေတောင်ဂိုဏ်းချုပ်ဆရာတော် ဘဒ္ဒန္တအရိယဝံသ (သာသနဓဇစမ္မစရိယ၊ ကမ္မဌာနာစရိယ) တပ်ရာကုန်းကျောင်းတိုက်ဆရာတော်၊ သက်တော် (၈၄)နှစ်၊ ဝါတော် (၆၄)နှစ် ကျေးဇူးတော်ရှင်ဆရာတော်သည် ၁၃၈၄ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ည ၁၂ နာရီခွဲ အချိန်တွင် ဘဝနတ်နန်းစံမြန်းတော်မူခဲ့ကြောင်း သိရသည်။
Subscribe to