ကျုံပျော်တွင် နေကြာ သီးညှပ်၊ သီးထပ်စိုက်ပျိုးမှုများအား ကွင်းဆင်းကြည့်ရှုအားပေး

ပြည်တွင်း စားသုံးဆီဖူလုံရေးနှင့် ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီများ ရရှိရေးအတွက် ဆီထွက် နေကြာသီးနှံများကို စိုက်ပျိုးလျက် ရှိရာ စိုက်ပျိုးမှုစနစ်တကျရှိစေရေးအတွက် သီးညှပ် ၊သီးထပ်စိုက်ပျိုးမှု များအား ကွင်းဆင်းကြည့်ရှုအားပေးခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် ယမန်နေ့က လိုက်လံဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံဧက  ၁၀၉၉၉ လျာထားစိုက်ပျိုးမည်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၂ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ ၁၀၉၉၉ ဧကလျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း ပေါက်ခေါင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

ပုလောမြို့နယ်၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် (အကြို) အသိပညာပေး ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ (၁၀၂)နှစ်မြောက် အထိမ်းအမှတ် (အကြို) အသိပညာပေးဟောပြောပွဲ၊ပြပွဲ၊ ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီ က Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းပန်မြို့နယ်၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့မှ ရွာသစ်ရပ်ကွက် ရပ်မိ၊ ရပ်ဖများနှင့်တွေ့ဆုံ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့မှ ရွာသစ်ရပ်ကွက်ရှိ ဒေသခံပြည်သူများအား ညောင်ကိုးပင်ဘုန်းတော်ကြီးကျောင်းတွင် ယမန့်နေ့ ညနေ(၆)နာရီခွဲအချိန်က တွေ့ဆုံပွဲကျင်းပခဲ့သည်။

သာစည်မြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ရေရရှိရေးအကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးသည့်သောက်သုံးရေကန်အား ကျေးရွာသို့လွှဲပြောင်းပေးအပ်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ရေအရင်းအမြစ်နည်းပါးပြီး အမှန်တကယ်ရေလိုအပ်သည့်ကျေးရွာများတွင် ဒေသခံပြည်သူများနှင့် ကျွဲ၊ နွား တိရစ္ဆာန်များ သောက်သုံးရေအတွက် အထောက်အကူပြုဖြစ်စေရန် ရေရရှိရေးအကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ရွာပုလဲလေးကျေးရွာ၌ တူးဖော်ပြီးသောရေကန်ငယ်အား ကျေးရွာရေကန်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီထံ ယနေ့နံနက် ၉ နာရီက အဆိုပါရေကန်အနီး၌ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

အသက်မွေးဝမ်းကျောင်း အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဆင်းပွဲကျင်းပ

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၂-၂၀၂၃ ခုဘဏ္ဏာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်း အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါ ကျေးလက်ဦးစီးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ရွှေတောင်မြို့နယ်တွင် အခြေခံမဲစာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ်တွင် အခြေခံမဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့သည်။

အမာမြို့၌ မိုးစပါးစံကွက် ရိတ်သိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစံကွက် ရိတ်သိမ်းခြင်း လုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ တောင်သူဦးစိုးဝေ၏ လယ်မြေတွင် ယမန်နေ့မွန်းလွဲ (၃)နာရီ အချိန်က  ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အခြေခံပညာကျောင်းများသို့ နည်လှည့်ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး(ပင်းတယ)အနေဖြင့်အလုပ်တာဝန်များကြောင့် ပြည်သူ့စာကြည့်တိုက်သို့လာရောက်၍ စာအုပ်၊ စာစောင်များ မငှားရမ်းနိုင်သည့် ဝန်ထမ်းများ၊ ကျောင်းသား/သူများအား မိုဘိုင်းစနစ်ဖြင့် စာအုပ်၊ စာစောင်များကို လက်ဝယ်အရောက် ငှားရမ်းပေးခြင်း၊ စာဖတ်ပရိသတ်၊ စာဖတ်ဝါသနာရှင်များကို သုတ/ရသစာအုပ်များအား လစဉ်လှည့်လည် အခမဲ့ငှားရမ်းပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မိုဘိုင်းစနစ်ဖြင့် အမှတ် (၅) အခြေခံပညာမူလတန်းကျောင်းသို့ နည်လှည့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရမ်းဗြဲမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

၂၀၂၂  ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်  နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို  ရမ်းဗြဲမြို့နယ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပကြသည်။
Subscribe to