သရက်ချောင်းမြို့နယ် မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲဆောင်ရွက်

သရက်ချောင်း နိုဝင်ဘာ ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ဆင်ကူးကျေးရွာအုပ်စု ကွင်းအမှတ်(၃၉၀) ဦးပိုင်အမှတ်(၁၇/၂) တောင်သူဒေါ်စိန်၏ ဆင်းသုခ(Seeder) စံပြမိုးစပါးစိုက်ခင်း(၀.၁၀)ဧကအား စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ကကျင်းပခဲ့သည်။

အဆိုပါ စံကွက်ရိတ်သိမ်းပွဲကို သရက်ချောင်းမြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်ဇင်၊ သရက်ချောင်းမြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများတက်ရောက်ခဲ့ကြသည်။

အဆိုပါ စံကွက်ရိတ်သိမ်းရာတွင် ဆင်းသုခတစ်ဧကလျှင် အစို(၁၂၅)တင်းနှုန်းနှင့် အခြောက်တင်းအနေဖြင့် (၁၁၂.၅၀)တင်းနှုန်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဦးဇော်မင်းထံမှ သိရသည်။

သားကြီး(သရက်ချောင်း)