လှည်းကူး နိုဝင်ဘာ ၁၁
နိုင်ငံတစ်ဝှမ်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် နှာခေါင်းစည်း Mask များအခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းကို ယနေ့နံနက်(၈)နာရီက လှည်းကူးမြို့၊ မြို့မဈေးကြီးနှင့် Bus ကားဂိတ်များတွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ခရိုင်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနေအောင်နှင့် စီမံအဖွဲ့ဝင်များကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်းပြီး ခရီးသွားပြည်သူများအား နေအိမ်ပြင်ပသို့ထွက်ခွာပါက ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်သည့်အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာကျင့်သုံးရေး၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်စည်းကမ်းချက်များအတိုင်း စနစ်တကျနေထိုင်ရေး၊ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးအကြိမ်ရေပြည့်ဝစွာထိုးနှံရေးတို့ကို အသိပညာပေးပြောကြားပြီး နှာခေါင်းစည်း Mask များအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)