သံပုယိုသီး တစ်ပိုင်တနိုင် စိုက်ပျိုးခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ထာဝးယ်ခရိုင်၊ ကလိန်အောင်မြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို စီးပွာရေး တစ်ခုအဖြစ် အဓိကထားပြီး လုပ်ကိုင်ကြရာ ယခုအခါတွင် သံပုယိုသီးအပင်များကို တစ်ပိုင်တနိုင် စိုက်ပျိုးခြင်းဖြင့်  မိသားစုအတွက် အပိုဝင်ငွေရရှိကြောင်း ကလိန်အောင်မြို့ ကော့လှိုင်ကျေးရွာမှ စိုက်ပျိုးတောင်သူတစ်ဦးထံမှ သိရသည်။

ရွှေတောင်မြို့နယ်တွင် အသက် (၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက် (၁၈)နှစ် အထက်ပြည်သူ များအား ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ် အမှတ် (၃) အခြေခံပညာမူလတန်း (လွန်) ကျောင်း၌ (၁၀၂) နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ အမှတ် (၃) အခြေခံပညာမူလတန်း (လွန်) ကျောင်းတွင် (၁၀၂) နှစ်မြောက်အ မျိုးသားနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါဟောပြောပွဲကို လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဒီမွန်ကျော်နှင့်ဝန်ထမ်းများ၊ အမှတ် (၃) အခြေခံပညာ မူလတန်း (လွန်) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်ခိုင်ဝင်းနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရှိရသည်။

မိတ္ထီလာ၌ (၁ဝ၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲကျင်းပ

မိတ္ထီလာ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသော (၁ဝ၂) နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၁ဝ နာရီ အချိန်က ခရိုင်ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ကျင်းပကြောင်းသိရသည်။

ရေဖြူမြို့နယ်၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင်  ကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန် ပျော်ရွှင်မှုရစေရန် ရည်ရွယ်၍ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ်အကြို အားကစားပြိုင်ပွဲများကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပသည်။

ငွေဆောင်မြို့၊ အလယ်ရွာကျေးရွာအုပ်စုတွင် ဆောင်းသီးနှံနေကြာ စိုက်ပျိုးနည်း စနစ်ပညာပေး ဆွေးနွေးပွဲနှင့် မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အလယ်ရွာကျေးရွာအုပ်စု၊ အလယ်ရွာ ဘုန်းတော်ကြီးကျောင်းတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ ဆီထွက်သီးနှံနေကြာ စိုက်ပျိုးနည်းစနစ်ပညာပေး ဆွေးနွေးပွဲနှင့် စိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့ပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

တံတားဦးမြို့ ပန်းယျကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြော

တံတားဦးခရိုင် တံတားဦးမြို့နယ် ပန်းယျကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၌ ကျောင်းသား/ သူများ အနာဂါတ်တွင် လူငယ်များ ဗလ(၅)တန်ဖွံ့ဖြိုးရေး ၊ လူငယ်များ ယဉ်ကျေးလိမ္မာ၍ ဘက်စုံ ထူးချွန်စေရေး ၊ နိုင်ငံတော် တည်ဆောက်ရာတွင် အားကိုးအားထားရသော လူချွန်လူကောင်းများ ပေါ်ထွန်းလာရေးတို့အတွက် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက အဆိုပါကျောင်းတွင် ကျင်းပကြောင်း သိရသည်။

ကျွန်းစုမြို့၊ စခန်းသစ်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက စခန်းသစ်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းသို့ ဌာနဆိုင်ရာများကွင်းဆင်း၍ အသိပညာပေးဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to