သာပေါင်း နိုဝင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင်းရှိ လမ်းများနှင့် အဝေးပြေးလမ်းများတွင် လမ်းညွှန်သင်္ကေတများ၊ လမ်းအမှတ်အသားများနှင့် ရပ်၊ ကြည့်၊ သွား စတစ်ကာဆိုင်းဘုတ်များကို စိုက်ထူထားရှိခြင်းအား နိုဝင်ဘာလ ၉ ရက်နေ့ ညနေ ၃ နာရီအချိန်က ကြည့်ရှုစစ်ဆေးကြသည်။
ထိုသို့ ရပ်၊ ကြည့်၊ သွား စတစ်ကာဆိုင်းဘုတ်များကို စိုက်ထူထားရှိခြင်းအား မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်ဆန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ
ဦးကျော်ကျော်၊ လမ်းဦးစီးဌာန ဦးစီးအရာရှိမြို့ပြ ဒေါ်အေးအေးဝင်း၊ မြို့မရဲစခန်း ဒုတိယရဲအုပ် အောင်လွင်မိုးနှင့် တပ်ဖွဲ့ဝင်တို့က လမ်းဆုံလမ်းမများတွင် သတိပေးစိုက်ထူထားရှိသော လမ်းညွှန်သင်္ကေတများ၊ လမ်းအမှတ်အသားများနှင့် ရပ်၊ ကြည့်၊ သွား စတစ်ကာ ဆိုင်းဘုတ်များအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြကြောင်းသိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်