မိုင်းယောင်းတွင် လိမ္မော်သီးများ ဈေးကောင်းရ

မိုင်းယောင်း နိုဝင်ဘာ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ရာသီချိန် ထွက်ရှိလာ သည့် လိမ္မော်သီးများ ပေါ်ဦးပေါ်ဖျားကာလတွင် တစ်ကီလို ကျပ် ၄၀၀၀ အဖွင့်ဈေးကောင်း ရသဖြင့် တောင်သူများ ပျော်ရွှင်လျက်ရှိသည်။

လိမ္မော်သီးစိုက်ပျိုးရန် တစ်ဧကလျှင် ငွေကျပ် ၁၅ သိန်းခန့် ကုန်ကျပြီး ထွက်ပေါ်လာသည့် အချိန်တွင် တစ်ဧကလျှင် အနိမ့်ဆုံး ကျပ်ကိုးသိန်းမှ ၁၀ သိန်းကျော်အထိ အကျိုးအမြတ် ရရှိကြောင်းနှင့် အဆိုပါသီးနှံ၏ အထွက်နှုန်းမှာ ရေမြေရာသီဥတုအပေါ် မူတည်ကြောင်း သိရ သည်။

စိုင်းအောင်ဇော်လင်း