မင်းကင်းမြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မင်းကင်း နိုဝင်ဘာ ၁၆

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်နေ့တွင်ကျရောက်သည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က မင်းကင်းမြို့ အခြေခံပညာ အထက်တန်းကျောင်းရှိ စကားဝါခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

ပြိုင်ပွဲတွင် မူလတန်းအဆင့်၌ "အမျိုးသားအောင်ပွဲနေ့ ဒို့မမေ့" ၊ အလယ်တန်းအဆင့်တွင် "အမျိုးသားအောင်ပွဲနေ့နှင့် စိတ်ဓာတ်"၊ အထက်တန်းအဆင့်တွင် "အမျိုးသားအောင်ပွဲနေ့နှင့် တာဝန်" ခေါင်းစဉ်များဖြင့် အသီးသီးပါဝင် ယှဉ်ပြိုင်ခဲ့ကြရာ မူလတန်းအဆင့်တွင် ကျောင်းသား ကျောင်းသူ(၁၀)ဦး၊ အလယ်တန်းအဆင့်တွင် ကျောင်းသား ကျောင်သူ(၂၆)ဦးနှင့် အထက်တန်း အဆင့်တွင် ကျောင်းသား ကျောင်းသူ (၁၈)ဦး စုစုပေါင်း (၅၄)ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ စာစီစာကုံးပြိုင်ပွဲတွင် မင်းကင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရန်နိုင်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းဆရာ ဆရာမများက လိုက်လံကြည့်ရှု အားပေးခဲ့ကြ‌ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)