ဘုတ်ပြင်း နိုဝင်ဘာ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၁၇) ရက်နေ့ တွင်ကျရောက်မည့် (၁၀၂) နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှထုတ်ဝေသည့် သတင် းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးနှင့်ဝန်ထမ်း များက ဘုတ်ပြင်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား ကျောင်သူများအား အသိပညာပေး ဖြန့်ဝေပေးလျက်ရှိသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် ၂၀၂၂ ခုနှစ် ၊ ၁၀၂ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက် များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၈.၁၁.၂၀၂၁ ရက်နေ့တွင်(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်း အနားသို့ ဖပေးပို့သည့်သဝဏ်လွှာကောက်နုတ်ချက်၊ ပညာရေးမျှော်မှန်းချက်၊ ရန်ကုန်ယူနီဗာ စီတီအက်ဥပဒေကိုသပိတ်မှောက်ရန်သစ္စာဆိုအဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး ၏ အမည် များ၊ အမျိုးသားအောင်ပွဲနေ့ ပတ်သက်သည့် သမိုင်းအကြောင်းအရာများ၊ သူ့ကျွန်မခံ အမျိုးသားမာန် ကဗျာ၊ ဆောင်ပုဒ်များအစရှိသည့် အကြောင်းအရာများပါဝင်သော သတင်းစကား လက်ကမ်း စာစောင်ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)