ကော့ကရိတ်မြို့တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲအထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ၂၀၂၂  ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက အထက(ခွဲ)လိုင်ဝကျောင်း၊ အမှတ်(၂) အခြေခံ ပညာ အထက်တန်းကျောင်း၌ ဖြန့်ဝေပေးခဲ့သည်။

အမ်းမြို့နယ်၌ ရှု့ခင်းသာ (WE LOVE ANN) ဆိုင်းဘုတ်နှင့်မြေနေရာ လွှဲပြောင်းပေးအပ်

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ရှု့ခင်းသာ (WE LOVE ANN) ဆိုင်းဘုတ်နှင့် မြေနေရာအား ရှုခင်းသာဖြစ်မြောက်ရေးကော်မတီအဖွဲ့မှ မြို့နယ်စည်ပင်သာယာရေးအဖွဲ့သို့ ယနေ့နံနက်(၉) နာရီအချိန်က လွှဲပြောင်းပေးအပ်ခဲ့သည်။

ဗန်းမော်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲများကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ၊ ဗန်းမော်မြို့နယ်တွင် အခြေခံပညာရေးဦးစီးဌာနက ဦးဆောင်၍ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ နေ့ထူးနေ့မြတ်များကို သိရှိပြီး ဂုဏ်ယူတတ်စေရန်၊ မိမိနိုင်ငံကို ချစ်မြတ်နိုးတတ်စေရန်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်စေရန် ရည်ရွယ်၍ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲများကို နိုဝင်ဘာ ၁၆ ရက် နံနက် ၉နာရီခွဲခန့်က အခြေခံပညာအထက်တန်းကျောင်းများ၌ ကျင်းပခဲ့ကြောင်း သိရသည်။

စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းအဖြစ် ဌာနဆိုင်ရာရုံးများသို့ စာအုပ်စာစောင်များ သွားရောက်ငှားရမ်းခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဝန်ထမ်းများသည် မြန်မာ့စီးပွားရေးဘဏ်သို့ စာအုပ်၊ စာစောင်များကို ယမန်နေ့၊ မွန်းလွှဲ(၃)နာရီအချိန်က သွားရောက်ငှားရမ်းပေးခဲ့သည်။

ညောင်ဦးခရိုင် အမျိုးသမီးကော်မတီဝင်များအား Gender, CEDAW, NSPAW နှင့် UNSCR 1325 အသိပညာပေးသင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ အမျိုးသမီးကော်မတီဝင်များအား Gender , CEDAW, NSPAW နှင့် UNSCR 1325 အသိပညာပေး အခမ်းအနားကျင်းပခြင်းအား ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက အသိပညာပေးသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဂွမြို့နယ်တွင် ဆီထွက်သီးနှံနှင့် ပဲမျိုးစုံစိုက် တောင်သူများအား ယူရီးယားဓာတ်မြေဩဇာများ ဈေးနှုန်းချိုသာစွာရောင်းချပေး

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ၂၀၂၂-ခုနှစ် ဆီထွက်သီးနှံနှင့် ပဲမျိုးစုံစိုက် တောင်သူများအား ယူရီးယားဓာတ်မြေဩဇာ ၅၀ကီလို တစ်အိတ်လျှင်(၃၈၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးသည့်အခမ်းအနားအစီအစဥ်ကို ယမန်နေ့နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြို့သစ်မြို့နယ် လှေဝန်းကျေးရွာ ရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး

မကွေးခရိုင်၊ မြို့သစ်မြို့နယ် ရေပြည့်အုပ်စု လှေဝန်းကျေးရွာ၊ ရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အအတွက် ပြည်ထောင်စုရန်ပုံငွေ ကျပ်(၁၀)သန်းဖြင့် ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ကမမောင်းမြို့၌   ကွမ်းသီးစိမ်းများ  စျေးကောင်းရရှိ၍ ကွမ်းသီးခြံပိုင်ရှင်များ ဝင်ငွေကောင်းများရရှိ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကွမ်းသီးပင်များစိုက်ပျိုးရာ၌  အောင်မြင်ဖြစ်ထွန်းပြီး ယခုနှစ်တွင်ကွမ်းသီးစိမ်းများ အထွက်နှုန်းကောင်းမွန်သောကြောင့် ကွမ်းသီးခြံပိုင်ရှင်များနှင့် တစ်ပိုင်တစ်နိုင် ကွမ်းသီးလုပ်ကိုင်နေသူများ မိသားစုအပိုဝင်ငွေရရှိကြောင်း သိရ သည်။

တောင်သာမြို့နယ် ပြန်ဆက်ဦးစီးဌာနမှ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့နံနက်  (၁၀) နာရီအချိန်က အခြေခံပညာ အလယ်တန်းကျောင်း (အနောက်ရပ်) ကျောင်းသို့ သွားရောက်၍ ကျောင်းသား/ကျောင်းသူ များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Subscribe to