နတ်မောက် နိုဝင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဆီထွက်သီးနှံများဖြစ်သည့် နေကြာများကို စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် တောင်သူများအကျိုးဖြစ်ထွန်းစေရန် ရည်ရွယ်၍ ယမန်နေ့နံနက်(၁၀)နာရီအချိန်က နတ်မောက်မြို့ နယ်ချောင်းနက်ကျေးရွာအုပ်စု ဝံကိုက်ကျေးရွာရှိ ရေဆင်း(၁)စပ်မျိုးနေကြာ(၁၂)ဧကစံပြစိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ ရေဆင်း(၁)စပ်မျိုးနေကြာစိုက်ပျိုးထားရှိမှုအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒု-မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများ ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဆောင်းနေကြာအထွက်နှုန်းတိုးတက်ရေးအတွက် ရေဆင်း(၁)စပ်မျိုးနေကြာ (၁၂)ဧကစိုက်ပျိုးထားရှိသော တောင်သူများအား အသိပညာပေးဆွေးနွေးစည်းရုံး ဆောင်ရွက်လျက်ရှိသည်။ နတ်မောက်မြို့နယ်တွင် ဆောင်းနေကြာစိုက်ပျိုးဧက (၂၅၉၈)ဧကခန့်စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုထံက သိရသည်။
လှဝင်း