မင်းကင်း နိုဝင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ ညနေ ၃ နာရီအချိန်က အင်္ဂလိပ်စာလုံးဆက်ပြိုင်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ကျင်ငိုက်မန်က ကျောင်းသား/ ကျောင်းသူများ၏ ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်စေရန် ရည်ရွယ်၍ ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပြိုင်ပွဲတွင် မင်းကင်းမြို့နယ် အခြေခံပညာကျောင်းမှာမှ ဝါသနာရှင် ကျောင်းသား/ ကျောင်းသူ (၉)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ယှဉ်ပြိုင်ခဲ့သော ကျောင်းသား ကျောင်းသူများအား လက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် ( ပြန်/ဆက်)