ရမည်းသင်းမြို့နယ်၌ အခြေခံပညာကျောင်းများသို့ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ရမည်းသင်း နိုဝင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနသည် ၂၀၂၂ ခုနှစ်နိုဝင်ဘာ ၁၇ ရက်နေ့၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့တွင် ကျရောက် မည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး (သတင်းစကား) လက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီက အခြေခံပညာကျောင်းများသို့ သွားရောက်၍ အခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်။

လူငယ်များ အမျိုးသားရေးစိတ်ဓာတ် အစဉ်နိုးကြားထက်သန်နေစေရန်နှင့် အမျိုးသားနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကိုသိရှိပြီး တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် အမျိုးသားအားမာန်များဖြင့် ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြစေရန် ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးနှင့် ဝန်ထမ်းများက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၅) မြို့မ၊ အထက်တန်း ကျောင်းများသို့ သွားရောက်ပြီး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများထံသို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) က ထုတ်ဝေသည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ၂၈-၁၁-၂၀၂၁ ရက်နေ့တွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာမှ ကောက်နှုတ်ချက်၊ ဗိုလ်ချုပ်အောင်ဆန်း ၂၃.၁.၁၃၆၄ ရက်နေ့ ဖဆပလပြည်လုံးကျွတ် ညီလာခံ ကြီးတွင် တင်သွင်းသော ညီညွတ်ရေးအဆိုမှ ကောက်နှုတ်ချက်၊ အမျိုးသားရေး အားမာန်၊  ရန်ကုန်ယူနီဗာစတီအက်ဥပဒေကို သပိတ်မှောက်ရန်သစ္စာဆို အဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး (၁၁) ဦး၊ ၂၀၂၂ ခုနှစ်၊ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက် များ၊ ပညာရေးမျှော်မှန်းချက်များနှင့် ကဗျာဆရာဘိုမျိုး (ရွှေဘို) ရေးသားသည့် သူ့ကျွန်မခံ အမျိုးသားအားမာန် ကဗျာစသည်တို့ပါရှိကြောင်း သိရှိရသည်။

ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်)