တောင်ဥက္ကလာပမြို့နယ်တွင် အနှေးယာဉ်များ ယာဉ်အန္တရာယ်ကင်းဝေးစေရန်အတွက် ရောင်ပြန်စ‌တေကာများ အခမဲ့တပ်ဆင်ခြင်းနှင့် အသိပညာပေးခြင်း ဆောင်ရွက်

တောင်ဥက္ကလာပ နိုဝင်ဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် အနှေးယာဉ်များအား ညအချိန်ယာဉ်အန္တရာယ်ကင်းဝေးစေရန် အတွက်  ရောင်ပြန်စ‌တေကာများ အခမဲ့တပ်ဆင်ပေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းကို ယနေ့ နံနက် (၈) နာရီအချိန်က တောင်ဥက္ကလာပ မြို့နယ်၊ သုမင်္ဂလာလမ်း၊ နန္ဒဝန်ဈေးရှေ့တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများ၊ မြို့နယ်ယာဉ်ထိန်း တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အနှေးယာဉ်များဖြစ်သော ဆိုက္ကား(၅၀)စီး၊ စက်ဘီး(၅၀)စီး၊ လက်တွန်းလှည်း(၅)စီးတို့ကို ညအချိန်ယာဉ်အန္တရာယ်ကင်းရှင်းစေရန်အတွက် သတ်မှတ်ပုံစံအတိုင်း ရောင်ပြန်စ‌တေကာများ အခမဲ့တပ်ဆင်ပေးခြင်း၊ မော်တော်ယာဉ်မောင်းသူများကို ယာဥ်စည်းကမ်းလမ်းစည်းကမ်း လိုက်နာနိုင်ရေးအတွက် အသိပညာပေးခြင်း၊ လိုက်နာရမည့်နည်းလမ်းများ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များကို ပြည်သူများသိရှိရန် အသိပညာပေးပြောကြားခြင်း၊ ယာဉ်လမ်း ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)