ကျောက်ကြီးမြို့နယ် ပဲခူးရပ်ကွက် အနော်ရထာလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်

ကျောက်ကြီး နိုဝင်ဘာ ၂၂

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် ပဲခူးရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် အနော်ရထာလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများအား ယနေ့နံနက်ပိုင်းက စတင်ဆောင်ရွက်လျက်ရှိသည်။

လုပ်ငန်းများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်ဘတ်ဂျက်မှ (၉၃၆၀၀၀၀၀) ကျပ် (ကိုးရာသုံးဆယ်ခြောက်သိန်းကျပ်) ဖြင့် တော်ဝင်ရွှေရောင်မြေ ကုမ္ပဏီမှ လုပ်ငန်းတင်ဒါစနစ်ဖြင့်ဆောင်ရွက်သော အနော်ရထာလမ်း ပေအရှည် (၁၇၈၀)ပေ၊ အကျယ် (၁၆) ပေ၊ အမြင့် (၈) လက္မ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ဆောင်ရွက်ခြင်းဖြစ်ပြီး၊ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း လုပ်ငန်းများအပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရသည်။

အဆိုပါလုပ်ငန်းများပြီးသွားပါက ရပ်ကွက်နေဒေသခံပြည်သူများနှင့် ကျောင်းသား ကျောင်းသူများ သွားလာရေးအဆင်ပြေမည်ဖြစ်ပြီး လူနေမှုဘဝမြင့်မားရန် နိုင်ငံတော်အစိုးရမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စီမံဆောင်ရွက်ပေးမှုအပေါ် ကျေးဇူးတင်လျက်ရှိကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)