စလင်း နိုဝင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့မစျေးကြီး အတွင်း၊ အပြင် ရောင်းချလျက်ရှိသော ကုန်စုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားတံဆိပ် ဖော်ပြ၍ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
စလင်းမြို့နယ် ဆင်ဖြူကျွန်း မြို့မစည်ပင်သာယာစျေးကြီး အတွင်း၊ အပြင် ရောင်းချလျက်ရှိသော ကုန်စုံဆိုင်များအား မကွေးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ စလင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံဦးစီးမှူး ဦးဆန်းလင်းမောင်၊ တာဝန်ခံ ဦးသီဟဝင်း၊ ဆင်ဖြူကျွန်းမြို့ စည်ပင်သာယာကော်မတီအဖွဲ့ဝင် ဦးကျော်မြင့်၊ ဆင်ဖြူကျွန်း မြို့စျေးတာဝန်ခံ ဒေါ်အေးမြသန္တာတို့မှ ပူးပေါင်း၍ ဆင်ဖြူကျွန်း စည်ပင်သာယာစျေး အတွင်း၊ အပြင် ရောင်းချလျက်ရှိသော ကုန်စုံဆိုင်များ၊ မုန့်ဆိုင်များအား ကုန်ညွှန်း အမှတ်အသား ဖော်ပြချက် အလေးချိန်ဂရမ်ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး တာဝန်ခံ ဦးဆန်းလင်းမောင်က ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့် အလေးချိန်ဂရမ်မှအစ ရောင်းချသည့် ပစ္စည်းများကို စစ်ဆေးခဲ့ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ ခွင့်ပြုချက်မရှိဘဲ တရားမဝင်ကုန်ပစ္စည်းများနှင့် ဓာတုဆေးဝါးများ အလွန်အကျွံသုံးစွဲသည့် ကုန်ပစ္စည်းများ တင်သွင်းမရောင်းချရန်နှင့် ထုတ်ပိုးရောင်းချရာတွင်လည်း ရက်လွန်ကုန်ပစ္စည်းများ စျေးကွက်အတွင်း မရောင်းချဘဲ အမှတ်တံဆိပ်များ ထည့်သွင်းအသုံးပြုရောင်းချကြရန်တို့ကို စျေးဆိုင်ပိုင်ရှင်နှင့် စျေးရောင်းချသူများအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရသည်။
မောင်လွင်(စလင်း)