လားရှိုး နိုဝင်ဘာ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးသင်တန်းကျောင်းသို့ ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ သွားရောက်၍ ဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ အမျိုးသမီးအိမ်တွင်းမှုသက်မွေးသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဒေါ်မာမာမင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုင်းထွန်းနေလှိုင်က စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် Social Media အသုံးပြုခြင်း၏ ကောင်းကျိုး၊ ဆိုးကျိုးများကို ဆွေးနွေးဟောပြောခဲ့သည်။ ထို့နောက် လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက သင်တန်းသူများအတွက် သုတ၊ ရသ စာအုပ်များ၊ မဂ္ဂဇင်းများ ငှားရမ်းပေးခဲ့ကြောင်းသိရသည်။
စိုင်းအောင်ကျော်စိုး