စလင်း နိုဝင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန တညောင်ပင်မဓာတ်အားခွဲရုံ (စလင်း) မြေနေရာအတွက် တောင်သူများအား မြေယာလျော်ကြေးငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေနံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ပတ္တမြား အစည်း အဝေးခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
စလင်းမြို့နယ် တညောင်ပင်မဓာတ်အားခွဲရုံ မြေနေရာအတွက် တောင်သူများအား မြေယာလျော်ကြေးငွေပေးအပ်ပွဲအခမ်းအနားတွင် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်က အဖွင့်အမှာစကားပြောကြားရာတွင် စလင်းပင်မဓာတ်အားခွဲရုံ တညောင်မြေနေရာ (၁၉.၉၇) ဧကအတွက် တောင်သူများအား မြေယာလျော်ကြေးပေးအပ်ပွဲတွင် ဌာနဆိုင်ရာများနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာတောင်သူများအား ကျန်းမာပါစေကြောင်းနှုတ်ခွန်းဆက်သ၍ လယ်/ယာမြေ သိမ်း ဆည်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ရာ ယခင်နိုင်ငံတော်မှသိမ်းဆည်းခဲ့သည့် လယ်ယာမြေများအား အကြောင်းမဲ့ သိမ်း ဆည်းခြင်းမရှိခဲ့ကြောင်း လုပ်ငန်းခွင်နှင့် တည် ဆောက်ရေးလုပ်ငန်များအသုံးပြုရာတွင်လည်း ဥပဒေနှင့်အညီ တောင်သူများအား ပြောကြား၍ မြေနေရာနှင့် စိစစ်ရေးကော်မတီအဖွဲ့များဖွဲ့စည်း၍ စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ မလုပ်သေးဘဲအသုံးမပြုလျင် ပြန်စိစစ်ပေးပြီးလုပ်ငန်းခွင် အသုံးပြုဆောင်ရွက်လျှင် နိုင်ငံ တော်မှ လယ်ယာမြေများအတွက် နစ်နာကြေးငွေများပေးအပ်လျှက်ရှိရာ တောင်သူများမှလည်း နိုင်ငံတော်၏ အကျိုးစီးပွားကိုတစ်ဖက်တစ်လမ်းမှ ကူညီပံ့ပိုးပေးရာရောက်ပြီး မိမိတို့ နစ်နာကြေးစွန့်လွှတ်ခဲ့ရတာတွေကို အကူ အညီပေးသလို တဖက်မှလှူဒါန်းသလို အများ ပြည်သူကောင်းကျိုးအတွက် စွန့်လွှတ်အနစ်နာခံရတာဖြစ်ကြောင်းဖြင့် မိမိတို့နယ်မြေမိမိတို့ ဒေသအတွက် မွန်မြတ်သော အလှူဒါနအဖြစ် တန်ဖိုးထားကြရန် တိုက်တွန်းပြောကြား သွားခဲ့သည်။ ဆက်လက်၍ တညောင်ပင်မဓာတ်အားခွဲရုံ လက်ထောက် ညွှန်ကြားရေးမှူး ဦးဆန်းလင်းက မြေယာလျော်ကြေးပေးအပ်ရခြင်းနှင့်ပတ်သက်၍ တောင်သူများအား ရှင်းလင်းပြောကြားသွားခဲ့ပြီး မြေယာလျော်ကြေးလက်ခံရယူမည့် တောင်သူများအား မြေယာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးနေလင်းနိုင်၊ တညောင်လျှပ်စစ်ပင်မ ဓာတ်အားခွဲရုံ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းလင်းနှင့် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ လယ် ယာမြေလျော်ကြေးအတွက် တောင်သူ (၈) ဦးတို့အား ( ၁ ) ဧကလျင် ၁၅ သိန်းကျပ် နှုန်း)ဖြင့် လယ်ယာမြေ (၁၉.၉၇) ဧကအား ၂၀၀၆ ခုနှစ် ၂၀၀၇ ခုနှစ်မှ စတင်တည်ဆောက်ခဲ့သည့် တညောင်ပင်မဓာတ်အားခွဲရုံတည်ဆောက်ခြင်းလုပ်ငန်းအား ၂၀၀၈ ခုနှစ်တွင် တည် ဆောက်ပြီးစီးခဲ့၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ တောင်သူ ၈ ဦး တို့ဆုံးရှုံးသွား သည့် လယ်ယာမြေ (၁၉.၉၇) ဧကအတွက် ကျပ်သိန်းပေါင်း (၂၉၉၉၉၅၀၀) ကျပ်အား တစ်ဦးခြင်းမြေဧကအလိုက်ပေးအပ်ခဲ့သည်။ ထို့နောက် ယခုလိုလယ်ယာမြေလျော်ကြေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် နိုင်ငံတော်အကြီးအကဲများအား အထူးကျေးဇူးတင်ဝမ်းမြောက်ကြောင်းကို တောင်သူ (၈)ဦး ကိုယ်စား တောင် သူ ဦးထွန်းမှပြောကြား သွားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)