ထိုင်းနိုင်ငံတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသား(၁၆၄)ဦး  မြဝတီအမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် ဆက်လက် ဝင်ရောက်

မြဝတီ   နိုဝင်ဘာ  

ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့်  ပြန်လည်ကြိုဆို လက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစတင် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ၁၆၄ ဦး ဆက်လက် ဝင်ရောက်ခဲ့ကြောင်းသိရသည်။

အဆိုပါ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား တာဝန်ရှိသူများကနွေးထွေးစွာ ကြိုဆိုအားပေးကြပြီး သက် ဆိုင်ရာ ဌာနအလိုက်တာဝန်ရှိသူများနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါဆိုင်ရာကာကွယ်ရေးအသိပညာပေးခြင်း၊ ပြန်လည်ဝင်ရောက် လာသူများ၏ အချက်အလက်များ စာရင်းကောက်ယူခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးသည်။

ထိုသို့ ထိုင်းနိုင်ငံမှ ပြန်လာသူများတွင် ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးမှ နေရပ်ပြန် များအား မော်လမြိုင်မြို့ရှိ ဆယ်မြို့နယ်ဆောင် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ ပို့ဆောင်ပေးပြီး အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များမှ နေရပ်ပြန်များအား မြဝတီမြို့ရှိ ကုန်သွယ်ရေးဇုန်နှင့် မဲကနယ်အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်းများတွင် ၁၀ရက်ကြာ အသွား အလာကန့်သတ်ထားရှိကာ ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိစစ်ဆေးပြီးမှ သက်ဆိုင်ရာ မြို့နယ်များသို့ပို့ဆောင်ပေးသည်။ မြန်မာနိုင်ငံသို့ ပြန် လည်ဝင်ရောက်လာသူများအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ အမျိုးသား ၁၁၄ ဦးအမျိုးသမီး ၅၀ ဦးစုစုပေါင်း ၁၆၄ ဦးရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)