ပင်းတယ နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဆင့်ရုံး (ပင်းတယ) ၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီခွဲက Mobile Phone ဖြင့် သတင်းနှင့် ဗီဒီယိုရိုက်ကူး တည်းဖြတ်နည်းသင်တန်းအား ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး (ပင်းတယ) မှ ဦးစီးအရာရှိ ဒေါ်မိုးမိုးထွေးမှ သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားသည်။
အဆိုပါသင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး (ပင်းတယ) မှ ဝန်ထမ်းများနှင့် အပျော်တမ်း ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးကြသည့် ဝါသနာရှင်များအား ဓာတ်ပုံနှင့်ဗီဒီယိုရိုက်ကူးရာတွင် သတိထားရမည့် အချက်များ၊ ဆောင်ရန်ရှောင်ရန်များ၊ အယူအဆများ၊ ရိုက်ကွင်းရှုထောင့်စုံမှ ရိုက်ကူးရမည့်အချက်များ၊ ကာလအယူအဆ၊အသံအနေအထား အစရှိသည့် သတင်းဗီဒီယို ရိုက်ကူးတည်းဖြတ်နည်းများနှင့် ပတ်သက်သည့်သင်ခန်းစားများကို သင်တန်းနည်းပြ (၂) ဦးတို့မှ နိုဝင်ဘာလ၂၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည့်ဖြစ်ကြောင်း သိရှိရသည်။
ရဲထက်ဦး (ပြန်/ဆက်)