မကွေးခရိုင်၊ မြို့သစ်မြို့နယ် ဘုရားကြီးရပ်ကွက်မှ မိုးစပါးစံပြကွက်ရိတ်သိမ်း

မြို့သစ် နိုဝင်ဘာ ၂၅

မကွေးခရိုင်၊ မြို့သစ်မြို့နယ် ဘုရားကြီးရပ်ကွက်၌ မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့မအုပ်စု ကွင်းအမှတ်(၁၃၀၀)၊ ဦးပိုင်အမှတ်(၁၆၄) ရှိ တောင်သူဦးကျောက်ခဲ၏ ဧရာမင်းစိုက်ခင်းအား ရိတ်သိမ်းခဲ့ရာ (၈၅)တင်း နှုန်းထွက်ရှိကြောင်း  မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက သိရသည်။

မြို့သစ်မြို့နယ်မှာ လယ်ဧက(၅၈၈၂၃)ဧက စိုက်ပျိုးထားရှိပြီး မြို့နယ်၏ အများဆုံးစိုက်ပျိုးသည့် ဧရာမင်းစပါး၊ ရတနာတိုးစပါး၊ မနှောသုခစပါး၊ ဆင်းသုခစပါးမျိုးကို အဓိကစိုက်ပျိုးထားရှိပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ စံကွက်များကို ရိတ်သိမ်းသွားမည်ဖြစ်သည်။

အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို မြို့သစ်မြို့နယ် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးမှုးနှင့်ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှုးနှင့်ဝန်ထမ်းများ ကျေးရွာအုပ်ချုပ်ရေးမှုးနှင့်  တောင်သူဦးကြီးများက  စပါးထွက်ရှိမှုများကို  တိုင်းတာကြည့်ရှုလျက်ရှိကြောင်း သိရသည်။

ကိုဇော်(ပြန်/ဆက်)